Professional Authors

နေညိုချိန်မိုးဖွဲထဲကနှလုံးသားရဲ့ပြုံးပန်းတစ်ပွင့်

မိုးစက်တွေရဲ့ကြားထဲမှာ
ကိုယ့်နှလုံးသားအတွက်
နတ်သမီးကိုရှာတွေ့ခဲ့တယ်……
ကြယ်တွေကြွေတိုင်း
မင်းနဲ့ပြန်တွေ့ရဖို့
ဆုတောင်းခဲ့တယ်……
ကိုယ့်အချစ်ကိုစမ်းသပ်ဖို့အတွက်
မြှားနတ်မောင်ကအချစ်မြှားကို
ကာလတစ်ခုထိချိန်ထားလေလားကွာ……
စစ်မှန်တဲ့ကိုယ့်ရဲ့ချစ်မေတ္တာကို
မြှားနတ်မောင်သိဖို့ကိုယ်ဆုတောင်းနေမိတယ်……
ကြယ်လေးတွေပဲရက်စက်တာလား…..
ဖူးစားကပဲမရှိလေလားကွာ….
ကိုယ်မင်းကိုပြန်တွေ့နိုင်ဖို့
အခွင့်အရေးရှိဦးမလားကွာ…….
မိုးဖွဲကျတိုင်းမင်းမျက်နှာကို
မြင်ယောင်လာတယ်……
မိုးထဲမှာပဲမင်းနဲ့ပြန်ဆုံဖို့
ကိုယ်မျှော်လင့်မိတယ်…….
ကိုယ့်နှလုံးသားထဲကခံစားချက်တွေကို
မိုးစက်လေးတွေကနေ
မင်းဆီယူဆောင်သွားပေးဖို့
တောင်းဆိုနေမိတယ်…..
ဖြစ်နိုင်မယ်ဆိုရင်
မင်းကိုတွေ့ခဲ့ရတဲ့
မိုးသည်းနေတဲ့ နေ၀င်ချိန်ကို
ပြန်ရောက်ချင်တယ်…….
မိုးစက်လေးတွေကြားမှာ
တွေ့ခဲ့ရတဲ့ အပြုံးတစ်ပွင့်ကို
ထာဝရသိမ်းထားခဲ့တယ်……
မင်းရဲ့အပြုံးပန်းကို
နောက်ထပ်တစ်ကြိမ်
ပြန်တွေ့ရဖို့ မျှောင့်လင့်မိတယ်…..
ကိုယ့်ခံစားချက်တွေကို
မင်းလေးသိနိုင်ဖို့မိုးပွင့်လေးတွေကို
ကိုယ်တောင်းဆိုခဲ့တယ်….
သို့ပေမယ့်လည်း
ယနေ့ထိတိုင် ချစ်သောသူရဲ့
ပြုံးမျက်နှာကို တွေ့ခွင့်မရ
ဝေးကွာနေဆဲ နှလုံးသားကို
နီးစပ်နိုင်ဖို့ တောင်းဆုတစ်ခု
မိုးဖွဲထဲမှာ ပြုနေဆဲပါ…………..
“ပြန်ဆုံပါရစေ ချစ်သောသူရေ”
 

In: ကဗျာ Posted By: Date: Sep 18, 2010
Comment #1

ဝေးကွာနေဆဲ နှလုံးသားကို
နီးစပ်နိုင်ဖို့ တောင်းဆုတစ်ခု
မိုးဖွဲထဲမှာ ပြုနေဆဲပါ…………..
“ပြန်ဆုံပါရစေ ချစ်သောသူရေ”
……………………………………………………………………………………………..
ပြန်ဆုံတဲ့အခါ..အရင်လိုချစ်ပါ့ဥိးမလား….

commentinfo By: အသဲကွဲမိုး at Oct 15, 2010
Comment #2

အရင်ကလည်း ကိုယ်ချစ်ခဲ့တာကိုသူမှမသိခဲ့တာ

commentinfo By: Gipsy Lay at Oct 15, 2010
Comment #3

thu ti hmar par,,,

commentinfo By: ei lay at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment