Professional Authors

ချစ်သူရေ….ရလာဒ်ကတော့(သို့ မဟုတ်)အတိတ်.. အနာဂါတ် နဲ့ လတ်တလော

နောက်လှည့်ကြည့်မိပါတယ်…
တိမ်တစ်အုပ် ကို ပိုင်စိုးပြီး.
မိုးရွာတတ်တဲ့ နီဖျော့ဖျော့ ပြတင်းတံခါးလေးတစ်စုံနဲ့ 
ငါရှုံနိမ့်ခဲ့တယ်..
ကျေနပ်ပါတယ်….မိန်းကလေး
အချိန်မှီအသင့်ဖြစ်အောင်တော့ ကြိုးစားခဲ့ရတယ်
ရလာဒ်ကတော့…

ငါမျှော်ကြည့်လိုက်တယ်
မြစ်တွေလို ကွေ့ ကောက်
တောင်တန်းတွေ မတ်စောက်တုန်းလေ
တက်မလေးကိုင်ပြီးထိန်း တောင်ဝှေးလေးကိုထောက်
ငါတို့ ကျော်ဖြတ်တော့မယ်..မိန်းကလေး
နင်က ငါ့၇ဲ့ တက်မလေးပေါ့ ..(ပဲ့ကိုင်လို့ ထိန်းပါချစ်သူ)
ငါကတော့ နင့်တောင်ဝှေးလေးလုပ်မယ်(အားကိုးပေါ့ချစ်သူ)
ပြီးတော့   ငါတို့ ခရီးရောက်မယ်ပေါ့နော်
ရလာဒ်ကတော့……….

မျက်လုံးတွေမှိတ်ထားပါတယ်
အချစ်ဆိုတာကိုရူးရူးမိုက်မိုက် ခံယူပါချစ်သူ
ဒါတော့   အခုအချိန်   လိုအပ်တယ်
ရလာဒ်ကတော့………..။

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

ကျိုက်ထီးရိုးဘုရားဖူးခရီးကို သတိရသွားတယ်
ချစ်သူအတွက် အားကိုးရသူဖြစ်ပါစေနော်

commentinfo By: မေပျို at Jan 7, 2013
Comment #2

so cute

commentinfo By: ei lay at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment