Professional Authors

အဖြူရောင်ရင့်ရင့်နှလုံးသား

 

တစ်သင်းလုံးတက်ဆင်း ကစားနေရင်းနဲ့ကိုပဲ

ဂိုးသွင်းခံရ

အနှစ်နှစ်အလလ နေထွက်ကနေ၀င်

ဆောင်းနွေမိုးဘယ်လိုပြောင်း

သည်လမ်းကြောင်းတလျှောက်ခေါက်တုံ့ခေါက်ပြန်

ခံနိုင်ရည်နဲ့ ဒုန်းပေကတ်သတ်

လမ်းဆက်လျှောက်နေ……….

 

မောမယ်များထင်လား

မနေ့ကကို မနေ့ကထားခဲ့ပြီ

မနက်ဖြန်ကို မနက်ဖြန်မှပြောမယ်

တိုက်စားမှုကိုအံတုမယ့်ကောင်

အဖြူရောင်ရင့်ရင့်နှလုံးသားနဲ့

လာမတိုက်နဲ့မင်းတို့အကြိုက်မိုးခါးရေ

ခံနိုင်ရည်နဲ့ ဒုန်းပေကတ်သတ်

လမ်းဆက်လျှောက်နေ……….

 

ဟေ့…လာခဲ့

သမုဒ္ဒရာကမိုးစက်တွေ

ဟောသည့်ကန္တာရပေါ်

လူပါမျောလောက်အောင်ရွာချကြည့်စမ်း

ရေပြင်ပေါ်မားမားမတ်မတ်

မျိုးစေ့အသစ်ကျဲပစ်ဦးမယ်

ခံနိုင်ရည်နဲ့ ဒုန်းပေကတ်သတ်

လမ်းဆက်လျှောက်နေ……….

 

သေဖို့ကလွဲလို့

ဘာများရေရေရာရာရှိသလဲ

မတိကျလည်း သေချာတဲ့တစ်နေ့မှာ

လှလှပပ ငါသေပြလိုက်ဦးမယ်…….

 

အဝေးကိုမြင်ဖို့ အမြင့်ပျံတဲ့ယောနသန်

ခင်ဗျာ့ မှန်ကန်မှုမှာ ကြောက်စရာရှိဖူးလို့လား

ကွေ့ကွေ့ကောက်ကောက်ဘယ်လောက်ဆီးကာ

ဖြောင့်ဖြောင့်သာဖောက်ထွက်

ငါ့ခြေထောက်ပေါ်ငါရပ်လို့ ငါ့ခြေလှမ်းငါလှမ်းနေ

ခံနိုင်ရည်နဲ့ ဒုန်းပေကတ်သတ်

လမ်းဆက်လျှောက်လိုက်ဦးမယ်ဟေ့……….

In: ကဗျာ Posted By: Date: Feb 18, 2013
Comment #1

ဝေဒနာတွေကအဖြေရှာအရပါဘူး

commentinfo By: ဇေယျာမင်း at Feb 18, 2013
Comment #2

ကျွန်တော်လည်ကဗျာရေးခြင်ပါတယ်ဒီမှာပေါ့အဒါဘယ်လိုရေးရမှာလည်

commentinfo By: ဇေယျာမင်း at Feb 18, 2013
Comment #3

မောမယ်များထင်လား

မနေ့ကကို မနေ့ကထားခဲ့ပြီ

မနက်ဖြန်ကို မနက်ဖြန်မှပြောမယ်

တိုက်စားမှုကိုအံတုမယ့်ကောင်

အဖြူရောင်ရင့်ရင့်နှလုံးသားနဲ့

လာမတိုက်နဲ့မင်းတို့အကြိုက်မိုးခါးရေ

ခံနိုင်ရည်နဲ့ ဒုန်းပေကတ်သတ်

လမ်းဆက်လျှောက်နေ……….

ဟေ့…လာခဲ့

သမုဒ္ဒရာကမိုးစက်တွေ

ဟောသည့်ကန္တာရပေါ်

လူပါမျောလောက်အောင်ရွာချကြည့်စမ်း

ရေပြင်ပေါ်မားမားမတ်မတ်

မျိုးစေ့အသစ်ကျဲပစ်ဦးမယ်

ခံနိုင်ရည်နဲ့ ဒုန်းပေကတ်သတ်

လမ်းဆက်လျှောက်နေ……….

commentinfo By: zawthetoo at Feb 18, 2013
Comment #4

omg
a yann mike de

commentinfo By: ei lay at Feb 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment