Professional Authors

ငါ့ ဘဝ

အချစ်တစ်ခုဖန်ဆင်းပေးပါ
အလဲအထပ်အနေနဲ့ ဗီးနပ်စ် ကိုကျတော့လက်နှစ်ဖက်ပြန်ပေးလိုက်တယ်
ပျော်ရွှင်သော သူ နှစ်ဦးရဲ့ အနာဂတ်ကိုလှမ်းကြည့်ရင်း အရှေ့တောင်ထောင့်ကနေ
ရုတ်တရက်ထွက်လာခဲ့တယ်
လေဆိုတာ မင်းကို ထာဝရအသက်ရှုစေတဲ့အရာတစ်ခုဆိုတာမှတ်ထားပေးပါချစ်သူ
မင်း ရံဖန်ရံခါငါ့ကိုသတိရမှာပါ

ခပ်ဝါးဝါးနေရောင်အောက်မှာငါ့ကိုယ်ငါဘာကောင်လဲတွေးတယ်
သူမဲ့ပြလည်းငါပြန်မမဲ့ပြနိုင်ခဲ့ဘူး
သူစိတ်ဆိုးပြလည်းငါပြန်စိတ်မဆိုးပြနိုင်ခဲ့ဘူး
သူငါ့အပေါ်မကောင်းလည်းပေါ့
ထားပါကံကြမ္မာရယ်
ငါက  မင်းတို့တွေးထားသလို မှန် မဟုတ်ခဲ့ပါဘူး

အဲ့နောက်ပိုင်းငါမမှတ်မိတော့တဲ့အတိတ်တစ်ခုကို
သူမတောင့်တပါစေနဲ့လို့ ငါဆုတောင်းတယ်
သူမလိုချင်ခဲ့တဲ့အချစ်တစ်ခုကို
သူထပ်မရပါစေနဲ့ငါဆုတောင်းတယ်
သူ……………………………………………………
ပျော်မှပျော်ရဲ့လားလို့ ငါ မျှော်ကြည့်မိတယ်

ငါ့ကိုစိတ်မပူပါနဲ့ ငါချစ်တဲ့သူ
ငါ့မှာလွမ်းရင်ထုတ်ထုတ်ကြည့်ဖို့
နင့်ဓာတ်ပုံ အနွမ်းလေးရှိတယ်
ငါ့ကိုစိတ်မပူပါနဲ့ချစ်သူ
ငါ့မှာ နင့်အကြောင်းလေးတွေ
ငါ့ခေါင်းနဲ့အပြည့်ရှိတယ်
ငါ့ကိုစိတ်မပူပါနဲ့ချစ်သူ
ငါ့ရင်ထဲမှာနင်တစ်ယောက်တည်းရှိတယ်
ငါ့ကိုစိတ်မပူပါနဲ့ချစ်သူ
ငါ့မှာနင်ပေးတဲ့ ဘ၀ ကိုဖြတ်သန်းနည်းတွေရှိတယ်
ငါမနာကျင်တော့ပါဘူး
ဒီတက့်ပိုပြီးပေါ့
ငါမတွေဝေတော့ပါဘူး
နင်နဲ့လွဲပြီးတော့

ဒီလိုနဲ့ပဲ
အဲ့နေ့ က အိမ်တစ်လုံးရဲ့ထောင့်လေးမှာကောင်လေးတစ်ယောက် ထိုင်ငိုခဲ့ဖူးတယ်

In: ကဗျာ Posted By: Date: Jan 5, 2013
Comment #1

ငါ့ကိုစိတ်မပူပါနဲ့ ငါချစ်တဲ့သူ
ငါ့မှာလွမ်းရင်ထုတ်ထုတ်ကြည့်ဖို့
နင့်ဓာတ်ပုံ အနွမ်းလေးရှိတယ်
ဒီစာသားလေးဖတ်ပြီးတော့ ဝမ်းနည်းမိတယ်ဗျာ ~~

With respect,
RAY

commentinfo By: X - ray at Jan 6, 2013
Comment #2

:'(
:'(
:'(

Hit directly

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment