Professional Authors

ချိုးရုပ်

ငါ့အသဲကိုစားမတဲ့
စားပေါ့ချစ်သူငါကအချဉ်ပါ…။
နှလုံးသားကသံပတ်ကို
နှစ်ပတ်သုံးပတ်လောက်လှည့်ပေါ့
မင်းပျင်းတယ်ဆိုရင်…။
မင်းရေးတဲ့လှောင်ပြောင်မှုက
ငါ့အတွက်ရယ်သံချိုချိုရယ်
ငါ့မျက်လုံးကို
ဗျစ်ခနဲမျက်စောင်းရယ်ထွေးပေါ့
မဆေးဘူးဒီအတိုင်းထားမယ်
မနက်လင်းရင်လင်းပါစေ….။
အချစ်ကိုကိုင်လှုပ်ပြီး
ဘွာတေးလို့ ပြောတာ
စတာမှတ်လား…။
ဒါပေမယ့်ချစ်သူ
မင်းသိပ်မှားတယ်
ငါ့နှလုံးသားကိုကိုင်ပေါက်တယ်
မင်းမသိဘူး…
တစ်ကယ်တော့…..
ငါ့နှလုံးသားက
အိုးပုတ်ချိုးရုပ်…။

In: ကဗျာ Posted By: Date: Jan 22, 2013
Comment #1

Wow,,
a yann mike de.
kyike ei

commentinfo By: ei lay at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment