Professional Authors

ဂီတ

ဂီတ
……

အချစ်ရေ..

မြိန်ရေယှက်ရေ
နှုတ်ခမ်းပူပူ
ရင်ဆူဆူနဲ့
မင်းရဲ့ မိန်းမတစ်ယောက်အဖြစ်ကို
ဖောက်သောက်လိုက်ပါ

မင်းရှေ့မှာ
အားကောင်းမောင်းသန်အိပ်မက်တွေနဲ
အမြဲစိမ်းသစ်တောကြီးလို
မင်းချစ်သူငါရယ်လေ
သူ့ဘယ်ဘက်ရင်အုံကိုလည်း ဖောက်သောက်လိုက်ပါ

ပြီးတော့
အမြဲတမ်း
မင်းခေါင်းဦးပြီး
အမြဲတမ်းလည်း
ခြေကန်ပြီးအိပ်လေ့ရှိတဲ့ဟောဒီရောမမြို့ကြီးကိုလည်း ဖောက်သောက်ပစ်လိုက်ပါ

ဒါဟာ
ငယ်စဉ်ကတည်းက
မင်းနေထိုင်ကြီးပြင်းခဲ့တဲ့
ကမ္ဘာကြီးပါ
မင်းရဲ့
မပြောင်းလဲတဲ့
မဟာကမ္ဘာကြီးပေါ့
မင်းလက်ထဲ
ငါ ပေးအပ်ခဲ့ပြီ
ဘာမှမကျန်အောင်ဖောက်သောက်ပစ်လိုက်ပါ

In: ကဗျာ Posted By: Date: Aug 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment