Professional Authors

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု

ဖိုင်ခပ်ဟောင်းဟောင်းတခုနဲ့…လက်ကျန်ဓါတ်ပုံတချို့
ပြာပုံအတိပြီးတဲ့..Post Card များနဲ့ လက်ရေးလက်သား ။

Sim Card ထုတ်ထားတဲ့ Handset အခွံတစ်ခုထဲက လက်ကျန် တစ်ခုတည်းသော Contact
Inbox ထဲက ဖျက်မပစ်ရက်နိုင်တဲ့ Message တချို့
Lock ချပြီးမှ ပြန်ပြန်ဖွင့်ကြည့်မိတဲ့ Wallpaper ။

အခြားသူများအတွက် နံပါတ်တစ်ခုထက် အဓိပ္ပါယ်မပိုတဲ့ ပြက္ခဒိန်က နေ့စွဲတချို့
ပြီးခဲ့သမျှထဲမှ…အကျည်းတန်ဆုံးသော ..လာမယ့်တနင်္ဂနွေ ( ကျွန်တော့်မွေးနေ့ )

ရက်ဆက်………..ရက်ဆက်…
ပျော်ချင်ယောင်…ဆောင်နေရဆဲပါသော…ကိုယ့်နှုတ်ခမ်းကို..ရွံ့မုန်းတယ်
ငါ့အပြုံးငါ…အထင်သေးနေရဆဲ…။

ယုံကြည်ချက်တွေ…အောက်တန်းကျနေခဲ့ ။

ဝေးနေဆဲ………….

တွေးနေဆဲ……..

မိုးရေထဲ……

နင်မရှိတဲ့နေ့ရက်ထဲ…..
ထိုင်နေကျဆိုင်ရဲ့..လက်ဝဲဘက်အစွန်ဆုံးဝိုင်းမှာ…
ငါတစ်ယောက်ပဲ………………

အကြမ်းပန်းကန်တချို့နဲ့ လက်ဖက်ရည်ကြမ်းတအိုး ။
ချိုကျတစ်ခွက်နဲ့ ဆေးလိပ်တပွဲ….။

ဒါမှမဟုတ်

ပေါက်စီတလုံးနဲ့ပဲနံပြား….ဒါမှမဟုတ်…ကျွဲရိုင်းတဗူး…

ဒါမှမဟုတ်

ရေခဲမထည့်ပဲဖျော်ထားတဲ့…ငှက်ပျောသီး Milkshake

ဒါမှမဟုတ်

Cream ချည်းသက်သက် Cake တခွက်  ဒါမှမဟုတ် လိမ္မော်သီးတလုံး…
တခုခုပေါ့…………..။        ။ ။

In: ကဗျာ Posted By: Date: Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment