Professional Authors

အယူခံဝင်ခြင်း

အချစ်ရယ်
လက်ဖက်ရည်နဲ့ ဆေးလိပ်ဟာ
ငါအကြိုက်ဆုံး အာဟာရပါ။

အချစ်က ဖြတ်ဆိုရင် ဖြတ်ပါ့မယ်
ငါ့ကိုတော့ အဆက်မဖြတ်လိုက်ပါနဲ့။

အချစ်ရယ်
နှလုံးသားဟာ မင်းအကြိုက်ဆုံး ဟင်းလျာမှန်း
ငါသိပါတယ်။

ငါ့နှလုံးသားကို
မင်းသုံးဆောင်ချင် သုံးဆောင်ပါ။
ငါ့ကိုတော့ အဆက်မဖြတ်လိုက်ပါနဲ့.။ ။ 

In: ကဗျာ,မင်းလူ Posted By: Date: Jan 3, 2013
Comment #1

Wow
A yann mike de kwar.
Lann de.
🙂

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment