Professional Authors

မဆုံနိုင်ခြင်း

ငါတို့အတွက်တော့
 
တိုက်ဆိုင်မှုဆိုတာ…
ရှားပါးပြတ်လပ်နေတဲ့ ကုန်ပစ္စည်း…
 
မျှော်လင့်ချက်ဆိုတာ
မိုးခေါင်ရေရှား အရပ်မှာ
ဖြစ်တည်ခဲ့တဲ့မြက်တစ်ပင်…
 
နင့်အတွက် ငါဟာ
အချိန်မှီ မရွာနိုင်တဲ့မိုး…
 
ဒါမေမယ့် လေနှင်ရာ
လွင့်တက်တဲ့ မိုးတိမ်တော့
ငါမဟုတ်ခဲ့ဘူး…
 
ငါ့အချစ်ဟာ ပေါ့ပျက်တယ်တဲ့လား
တကယ်ဆိုငါဟာ ပေါ့ပျက်မှာ
သိပ်ကြောက်နေခဲ့တဲ့သူပါ…
 
ဝေးသွားမှာ သိပ်ကြောက်လွန်းတဲ့သူအတွက်
နောက်ဆုံးရလဒ်က မနီးစပ်နိုင်ခြင်းလား…
 
အချစ်မှာ အသွားအပြန်ရှိတယ်ဆို…
ငါ့ဆီတော့ ပြန်မလာပါလား…
မရောက်ခဲ့တာလား..
ပျောက်ခဲ့တာလား…
ငါ့ကိုယ်ငါတောင် ဝေဝါးနေတယ်…
 
ငါ့အတွက် နင် .. ရင်နာနေရတယ်ဆိုရင်
နင်ဆုံးဖြတ်ပါ…
ရွေးချယ်ခွင့်မရှိတဲ့ ကံကြမ္မာ
ငါ … လက်ခံရဲရမှာပေါ့..

In: ကဗျာ Posted By: Date: Mar 7, 2011
Comment #1

နင့်အတွက် ငါဟာ
အချိန်မှီ မရွာနိုင်တဲ့မိုး…

ဒါမေမယ့် လေနှင်ရာ
လွင့်တက်တဲ့ မိုးတိမ်တော့
ငါမဟုတ်ခဲ့ဘူး…
စနိုး ကဗျာလေးက ခံစားလို့ကောင်းတယ် အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 8, 2011
Comment #2

“နင့်အတွက် ငါဟာ
အချိန်မှီ မရွာနိုင်တဲ့မိုး”
မှန်လိုက်တာ…………….
အရမ်းကောင်းပါတယ်

commentinfo By: angel at Mar 8, 2011
Comment #3

အချစ်မှာ အသွားအပြန်ရှိတယ်ဆို…
ငါ့ဆီတော့ ပြန်မလာပါလား…
မရောက်ခဲ့တာလား..
ပျောက်ခဲ့တာလား…
ငါ့ကိုယ်ငါတောင် ဝေဝါးနေတယ်…

commentinfo By: thu lay at Jun 30, 2011
Comment #4

အားပေးသွားတယ်

commentinfo By: myintmo at Jul 27, 2011
Comment #5

great

commentinfo By: ei lay at Jul 27, 2011
Comment #6

အရမ်းကြိုက်လို အားပေးသားသည်

commentinfo By: မောင်မိုက် at Jul 30, 2012
Comment #7

အရမ်းကြိုက်လို့ကူးယူခွင့်ပြုပါနော်.

commentinfo By: phyumarhmwe at Jan 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment