Professional Authors

မရည်ရွယ်ပေမယ့်- – -ရက်စက်တဲ့အပြုံး

ချစ်သူ
ရင်မှာနင့်အောင် ချစ်ခဲ့ပေမယ့်
မင်းရှိတဲ့ဆီ မလှမ်းရဲဘူး
အဝေးကသာ ကြည့်လို.ပြုံးပြရတယ်
မင်းအပြုံးတွေကို ငါမမေ့သေးဘူး။
မချစ်မိခင်က ငါ့အတွက်
မင်းအပြုံးတွေက ငြိမ်းချမ်းပေမယ့်
ချစ်ခဲ့မိတဲ့ ငါ့အတွက်
မင်းအပြုံးတချက်က
ဓားသွားတလက်လိုပါပဲ
မရည်ရွယ်ပေမယ့် မင်းရဲ့အပြုံးက
ငါ့ရဲ့ရင်ကို ခွဲခဲ့လေပြီ ချစ်သူရယ်။
ငါမင်းကို ချစ်တယ်ဆိုတာကို
ဘယ်သူ့ကိုမှ ရင်မဖွင့်၇ဲလို့
တိတ်တိတ်သာငို
ဆိတ်ဆိတ်သာဆွေး
ငါ့အတွေးနဲ့ငါ မျောလွင့်ခွင့်ကိုတော့ဖြင့်
ပေးလှည့်ပါတော့ ချစ်သူ၇ယ်။

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

ဒုတိယအကြိမ်မြေက်ေ၇းသားတာပါ
အကြံပေးချက်လေးတွေကိုမျှော်လင့်လျှက်ပါနော်
have a nice day fri
byebye

commentinfo By: yoondimoon at May 29, 2010
Comment #2

တစ်ယောက်ထဲမျောလွင့်ခွင့်တဲ့ ကောင်းတယ်ဗျာ

commentinfo By: MoeTain at May 29, 2010
Comment #3

မရည်ရွယ်ပေမယ့်. . .ရက်စက်တဲ့အပြုံးတဲ့လားဗျာ စကားလုံးတွေက ရေလည်ထိမိတယ် ဖတ်ရှုခံစားသွားပါတယ် ။

commentinfo By: X - ray at Nov 12, 2011
Comment #4

no way…
no way…

he,,he,,
just teasing naw…

myaw yin myaw yin ne pe myoke twar ong me naw.
he..he,,

commentinfo By: ei lay at Nov 12, 2011
Comment #5

ကိုယ့်ရဲ့ အတွေးတိမ်တိုက်တွေကြားမှာ နင်မျောလွင့်နေဖြစ်ရင်တော့ ငါနဲ့တွှေုဖြစ်မှာပါ……ငါလည်းနင့်လိုပဲလေ…..အဲ့ဒီတော့မှ နင်ကိုမေးရဦးမယ်……..ဘာလို့ ငါ့အကြောင်းရေးထားတာလဲလို့ပေါ့…………

commentinfo By: dadtha16 at May 13, 2012
Comment #6

ကဗျာလေးကောင်းတယ်နော် အားပေးသွားပါတယ်

commentinfo By: yetwaynaung at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment