Professional Authors

လပြည့်ည

လမပြည့်ခင်တော့
လကြည့်ရတာသံသယ
အစောင်းအရွဲ့ အပဲ့ တစ်ခြမ်းနှင့်
ဆန်းစည…လ။

လပြည့်ည
ကြည့်စမ်းပ သည်အခါ
လဆိုတာသည်လိုရွှန်း
တင့်လွန်းအာကာ။

တကယ်တော့ လဆိုသည်မှာ
ဝိုင်းနေတာစက်စက်
အခါမသင့်ချိန်မို့ 
အခွင့်ကိုအသာကြည့်
လပြည့်မည့်ရက်။

လပြည့်ရက်
ရှေ့ဆက်လို့ လွန်ပြန်လျှင်
လတဖန် အသွင်ပြောင်း
စောင်းရွဲ့ မည်ပင်၊
ခြမ်းလိုခြမ်း ပဲ့ချင်ချင်
လကွယ်လျှင်လာဦးတော့
ဆန်းရက်ကို တစ်ခါလင့်
ကြိုနှင့်ပြန်ပေါ့။

လူ့ဘဝ
နှိုင်းဆလို့ ပမာတင်
လလိုပင်သည်သဘော
ပြောရမည်ပင်၊
ခါမသင့်ချိန်တွင် မပီပြင်အလှ
တစ်စတစ်စနှင့်
တစ်ညတစ်ညမှာတော့
လပြည့်တာမှန်မလွဲ
ကဲမည့်ဘ၀။

လသာရက်တစ်ရံခါ
လပြည့်တာတစ်ချိန်ပေါ့
လပြည့်ပြီးတော့လဲ
ဆုတ်မြဲဓမ္မတာမို့ 
လသာမှာပျော်နိုင်ဘိ
လပြည့်မှာပျော်အခိုက်
လမိုက်မှာနေမညှိုးအောင်
ကြိုးစားပါတော့။

(ကိုတိုး-မြစ်ခြေ)

In: ကဗျာ,Others Posted By: Date: Jun 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment