Professional Authors

လွမ်းချင်အုံးဟဲ့သေနာကောင်

နာရီကိုသုံးပိုင်းပိုင်း လိုက်တော့လဲ
နာရီပါပဲ
လက်တံတစ်ခုကနဲနဲပိုမြန်တာကလ

ွဲလို့ပေါ့လေ

စောင့်စားရင်းနဲ့ ငါ
စောင့်စားနေတယ်

အလွမ်းဆိုတာဘာလိုtube စီးတာထက်မြန်မြန်ရောက်လာတာလ

အချစ်ဆိုတာကြီးကတကယ်တော့ ရီလေတစ်ဗီတီ သီအိုရီလိုပဲ
အောက်ကိုဆွဲဆွဲချတဲ့အမျိုးမဟုတ်လားကွဲ့

ငါ့နဲ့နော်
အကာအရံမဲ့အရာတွေကိုစွဲလမ်းလာတာငယ်ကတည်းကပဲ

ဒီနေ့ espresso သောက်လိုက်တော့ဘဝကပိုခါးသွားတယ်

အချစ်တော့မခါးချင်ဘူးကွာ
ညအိပ်မပျော်မှာကြောက်လို့

လာပါတော့ကွာ တိမ်တွေတောင်အရောင်ပြောင်းနေပြီ
နေတောင်စောင်းနေပြီ

တော်ပါပြီ ငါ့ဘာသာ ထမင်းကြမ်းယက်ခတ်စားတော့မယ်

ကောင်းကင်မှာနေတစ်ခြမ်း လတစ်ခြမ်း
ငါရင်မှာ နင်တစ်ခြမ်း ဘဝတစ်ခြမ်း

In: ကဗျာ Posted By: Date: Jul 18, 2010
Comment #1

ကောင်းတယ်

commentinfo By: bobozin at Jul 24, 2010
Comment #2

လာပါတော့ကွာ တိမ်တွေတောင်အရောင်ပြောင်းနေပြီ
နေတောင်စောင်းနေပြီ
ငါရင်မှာ နင်တစ်ခြမ်း ဘဝတစ်ခြမ်း
ငါ့နဲ့နော်
အကာအရံမဲ့အရာတွေကိုစွဲလမ်းလာတာငယ်ကတည်းကပဲ
တကယ်သဘောကျတယ် ။
စာသားလေးက ရိုးရိုးလေးနဲ့ ပေါ်လွင်တယ် ။

commentinfo By: yatu at Jul 26, 2010
Comment #3

🙂 thanks

Comment #4

ကောင်းကင်မှာနေတစ်ခြမ်း လတစ်ခြမ်း
ငါရင်မှာ နင်တစ်ခြမ်း ဘဝတစ်ခြမ်း

commentinfo By: အသဲကွဲမိုး at Jan 6, 2011
Comment #5

lan de kwar,
ngar yin hmar nin 1 chan,,ba wa 1 chan

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment