Professional Authors

” ရောမ နိဂုံး “

ရောမမြို့ကို တစ်ရက်တည်း
အပြီးဆောက်ခဲ့တာ မဟုတ်
နှစ်ပေါင်းများစွာ စောင့်စားပြီးမှ
ငါဟာ မျှော် လင့် ချက် တစ်ခုကို
မျှော် လင့် နေ ခွင့် ပါး ပါး လေး ပဲ ရခဲ့တာ
မထင်မှတ်ပဲ
အခုငါ့ရောမလည်း
တစ်ရက်တည်းနဲ့ ပျက်စီးလုလု
ဒယိမ်းဒယိုင်ဖြစ်ခဲ့တဲ့
နီရိုးဘုရင် တယောသံကို မေ့လိုက်
အလှပဆုံး ကာရန်တွေအတွက်
အပြုံးတစ်ခုဖန်ဆင်းပေးလှည့်
နှစ်များစွာကြာမှ ချရေးတဲ့
ဒီကဗျာ မင်းအတွက်လက်ဆောင်
မင်းရဲ့ လွမ်းစရာ
ဒဏ္ဍာရီထဲက ရုန်းထွက်ဖို့ခက်တော့
နှစ်သိမ့်စကား ချိုချိုလေးနဲ့ပဲ
ငါ့အိမ်မက်တွေကို တစ်စစီဆုတ်ဖြဲလှည့်ပါ
င့ါရောမမြို့ကြီးလည်း တစ် ရက် တည်း နဲ့ ပါ . . . . . . .

In: ကဗျာ Posted By: Date: Jan 11, 2014
Comment #1

awesome!!

commentinfo By: Mg Pi at Jan 12, 2014
Comment #2

@-@

commentinfo By: ei lay at Jan 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment