Professional Authors

အလွမ်းပြည့်ည

လွမ်းမောဖွယ်အငွေ့အသက်တွေနဲ့
ပြည့်ယှက်နေတဲ့ရင်ခွင်တစ်စုံမှာ
ပုံကျနေတဲ့ကြေကွဲခြင်းယဉ်ကျေးမှုတွေကို
မပြိုလဲစေချင်တော့ဘူးကွယ်

(နင်ဟာငါ့ဘ၀ရဲ့ နတ်သမီး)
ဘယ်နတ်ဘုရားကများနင့်ကို
လူငယ်တစ်ယောက်ရဲ့ 
ကြွေကျနေတဲ့နှလုံးသားကို
ခြေမွဖြစ်ဖို့(လှပမှု)အစွမ်းပကားတွေ
ပေးသနားခဲ့တာလဲ……..
(မြှားနတ်မောင်တောင်ငါ့ကိုမကယ်နိုင်ဘူး)

အပြာရောင်လွင်ပြင်တီးခေါင်ညတစ်ညမှာ
အမုန်းတွေ
ခါးသီးခြင်းတွေ
အထီးကျန်ခြင်းတွေနဲ့
အားလုံးဟာ အက် ရှ ကြေ ကွဲ
အခွင့်အခါတွေလည်းလွဲခဲ့ပါရဲ့ 

ဗီးနပ်စ်ရေ….
တာရာချင်းစစ်ထိုးတဲ့ပွဲထက်
ခင်ဗျားနဲ့အလွမ်းတို့စီးချင်းထိုးတာ
ပိုကြည့်ကောင်းမယ်လို့
ကျွန်တော်ရဲရဲကြီးအာမခံတယ်။

(အဆိပ်သုတ်ထားတဲ့မြှားနဲ့ပစ်တဲ့
မြှားနတ်မောင်ကိုလည်းမုန်းတယ်)
အစနဲ့အဆုံးတို့တတွေမမုန်းခဲ့ကြရင်
ကိုယ့်ရဲ့ အရှုံးဟာအချစ်ရာဇ၀င်ထဲ
သူရဲကောင်းအသွင်ကျန်ရစ်နေခဲ့မှာပဲ
(ဒါပေမယ့်ဒါကိုကိုယ်မလိုချင်ဘူး)

ရူးတယ်ပဲပြောမလား
ထူးတယ်ပဲပြောမလား
မင်းကတော့ငါ့အမှားလို့ပဲပြောမှာပဲလေ
ဘာပဲဖြစ်ဖြစ်ပါ
ငါ့ရဲ့ စိတ်ဘာသာဘာဝမဏ္ဍိုင်ကတော့
လွှမ်းပိုင်သီချင်းလိုလေ
မင်းပျော်ရင်it’s okပဲ။
                                      မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: May 27, 2011
Comment #1

( ငါ့ရဲ့  စိတ် ဘာသာဘာဝ မဏ္ဍိုင်ကတော့
လွှမ်းပိုင် သီချင်းလိုလေ
မင်းပျော်ရင် it’s ok ပဲ ။ )

တိုက်ဆိုင်တယ်ဗျာ …
မနက်က နားထောင်ပြီး
တစ်နေ့လုံး ညည်းဖြစ်နေတဲ့ သီချင်း ။

Comment #2

it’s ok

commentinfo By: ESif; at May 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment