Professional Authors

မျက်နှာဖုံးကမ္ဘာ…….

နွားတစ်ကောင်ရဲ့ခြံကျော်မှုကို
မယ်သီတာခိုးဖို့ကြိုးစားတယ်လို့
စွပ်စွဲမှာလား……။
မျက်နှာဖုံးနဲ့လူတွေရဲ့ခြံကြီးထဲမှာ
မိုနာလီဇာပန်းချီကားထဲကလို
ဂွတီးဂွကျအပြုံးပန်းတွေပွင့်နေတယ်…
အိစက်နေတဲ့ကော်ဇောကြီးကိုလှန်အကြည့်
ဗွက်ထနေတဲ့လမ်းတွေကထင်းကနဲ..
လောကကြီးအရောင်ပြောင်းသွားအောင်
မျက်မှန်တပ်ပြီးဘုကြည့်ကြည့်လိုက်တယ်….
ဘုရား…ဘုရား..
လူတိုင်းရဲ့လက်ထဲမှာ
အကြည်ရောင်ဓါးထက်ထက်တွေကိုင်လို့ပါလား………။
In: ကဗျာ Posted By: Date: Jan 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment