Professional Authors

တရားကပြောတဲ့ တရားအကြောင်း

မသေခင်လေးမှာ ဆရာတော်တပါးမှာခဲ့တာ  –
ငါ့မျက်စိတွေ ပြာလာပြီ..
ငါ့ခန္ဓာကို ကြည့်ထားကြ..
ခန္ဓာရှိတဲ့လူတိုင်း တနေ့ ဒီလိုပဲ ခံကြရဦးမယ် ။
သေခြင်းတရား… ကြီးသူ ငယ်သူမဆိုင်ပါ
သတိတစ်ချက်ထား ကောင်းမှုတစ်ခါပြုမိစေ
ကျွန်တော်တို့မျက်စိတွေ မပြာခင်…
ကျွန်တော်တို့ ခန္ဓာ မအေးမစက် မတောင်းတင်းခင်…
သေခြင်း တံခါးမခေါက်ခင်လေးပေါ့ ။
ငါသည် မုချသေရမည် အချိန်ပိုင်းတွင်းသာလိုတော့သည်
သစ်ပင်ကြီးက တရားတွေပြ
ငယ်တဲ့သစ်ရွက်လည်းကြွေ ၊ ကြီးတဲ့သစ်ရွက်လည်းကြွေ
တစ်နေ့တစ်နေ့ ဒီကမ္ဘာပေါ် ၊ သေနေကြတဲ့ ကလေးလေးတွေ
သေနေကြတဲ့ ကျွန်တော်တို့ အရွယ်တွေ သတင်းစာမျက်နှာအပြည့်…။
တရားဆိုတာဘာလည်း ?
အသက်တွေကြီး အရိုးတွေ ပြောင်း ခါးတွေညောင်းမှ စွဲကိုင်သင့်တဲ့အရာ ?
ကျွန်တော်တို့မြတ်ဘုရား
နုနယ်နယ်မှာတောထွက်တယ်
ဓမ္မအလင်းရှာဖို့….
သိစေဖို့ရာဟောခဲ့တယ်
ဟောသည်မှာ ၃၈ ဖြာမင်္ဂလာ ၊
လောဘ ဒေါသ မောဟ မာန ၊
ကုသိလ်ဖို့ရာဟောခဲ့တယ် ဒါန၊သီလ၊ဘာဝနာ
လိုရင်းချုပ်တော့
ကိုယ် ၊နှုတ် လေးကို စောင့်ထိန်းကွယ် – ဒါကသီလ
စိတ်ကလေးလည်းဖွေးစေကွယ် – ဒါက ဘာဝနာ
ရှင်းလင်းဖို့ရာဟောခဲ့တယ်
အပ္ပမာဒေန သမ္ပာဒေထ…..
ချစ်သား/ချစ်သမီးတို့ မမေ့မလျော့မပေါ့မဆသော သတိတရားဖြင့် နေထိုင်ကြကုန်လော့……..။

In: ကဗျာ Posted By: Date: Aug 24, 2012
Comment #1

😛
ta yar sa khan win chin twar p naw.

commentinfo By: ei lay at Aug 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment