Professional Authors

မှော်


နှင်းနဲ့ချိတ်ဆက်ထားတဲ့
အလင်းမဲ့ အိပ်မက်များဟာ
ညညဆို…ခဏခဏအဆိပ်တက်
လသာတိုင်း…
မလှပတဲ့ အရိပ်ပဲထွက်ထွက်နေတယ်။

ကောင်မလေးရယ်
မင်းလက်နဲ့မှ
အသက်ဆက်လို့ရမယ့် ငါ့သိချင်း
မင်းမျက်ဝန်းနဲ့ပဲ
ငါ့ရင်ခွင်ကို လင်းချင်တယ်။

တစ်ကမ္ဘာစီ
ဝေးချင်ရင်လည်းဝေး
ငါ့အတွေးကတော့မျှာ်စင်
လူမိုက်လို့ခေါ်ချင်ရင်လည်းခေါ်
အခုလေ
မင်းစိတ်နဲ့ ပုံဖော်မှ
ငါ့အနာဂတ် ရုပ်လုံးပေါ်တော့တယ်။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Wow
same feeling

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment