Professional Authors

ငါ့ရင်ခွင် ရဲ့ အဖြူရောင်သစ္စာ

ငါ့ရင်ခွင်ထဲဘာမှမရှိပေမယ့်
နင့်အတွက်အချစ်တွေအပြည့်ရှိတယ်
ငါ့ရင်ခွင်မှာ.. ဓနဂုဏ်တွေမရှိပေမယ့်
နင့်အတွက်လုံခြုံမယ့်တနေရာရှိတယ်……
ငါ့ရင်ခွင်မှာ…လှပခြင်းတွေမရှိပေမယ့်
နင့်အတွက် သာယာခြင်းတွေရှိနေတယ်……
ငါ့ရင်ခွင်မှာ…ဒဏ်ရာတွေချည်းရှိနေပေမယ့်
နင့်အတွက် ပျော်ရွှင်ခြင်းတွေရှိတယ်……
ငါ့ရင်ခွင်မှာ ပူလောင်မှုတွေလွှမ်းမိုးနေလဲ
နင့်အတွက် အေးမြခြင်းတွေရှိနေတယ်……..
ကမ်းထားတဲ့လက်ကိုသာတွဲလိုက်
အားလုံးပြီးပြည့်စုံစေရမယ်…..
ယုံကြည်လိုက်ပါ…
ငါ့ရင်ခွင်ဟာ နင့်အတွက်
အမြဲတမ်းစိမ်းလန်းနေမယ့် ခိုနားရာဖြစ်စေရမယ်
ငါဘယ်လောက်နာကျင်နေပါစေ……
နင့်တစ်ဘ၀စာ သာယာဖို့အတွက်
ငါ့ဘ၀တစ်ခုလုံး ရင်းထားရဲတယ်………
ငါ့ရင်ခွင်ရဲ့ အဖြူရောင်သစ္စာ….
နင့်တစ်ယောက်အတွက် ကမ္ဘာကုန်တိုင်စေမယ်…………….။                     ။

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

ကမ္ဘာကုန်တိုင်အောင်ချစ်တဲ့ကိုလွမ်းနောင် ချစ်တဲ့သူနဲ့ ပေါင်းရပါစေဗျာ အားပေးသွားပါတယ်

commentinfo By: မိုးသစ်လေပြေ at Jul 19, 2011
Comment #2

………….တပုဒ်လုံးနှစ်သက်လို့ အားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jul 19, 2011
Comment #3

စ လယ် ဆုံး ကောင်းတယ် ဗျိုးးးးးး.။

Comment #4

နင့်တစ်ဘ၀စာ သာယာဖို့အတွက်
ငါ့ဘ၀တစ်ခုလုံး ရင်းထားရဲတယ်………
ငါ့ရင်ခွင်ရဲ့ အဖြူရောင်သစ္စာ….
နင့်တစ်ယောက်အတွက် ကမ္ဘာကုန်တိုင်စေမယ်…………….။
ကိုလွမ်းနောင်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 20, 2011
Comment #5

oh,,,,
i like so so much.

commentinfo By: ei lay at Aug 3, 2011
Comment #6

ငါဘယ်လောက်နာကျင်နေပါစေ……
နင့်တစ်ဘ၀စာ သာယာဖို့အတွက်
ငါ့ဘ၀တစ်ခုလုံး ရင်းထားရဲတယ်………
ငါ့ရင်ခွင်ရဲ့ အဖြူရောင်သစ္စာ….
နင့်တစ်ယောက်အတွက် ကမ္ဘာကုန်တိုင်စေမယ်

commentinfo By: chityellusoelay at Aug 19, 2011
Comment #7

really really nice,

commentinfo By: ei lay at Aug 19, 2011
Comment #8

1 ke phyit yin kaung hmar pe naw,,he,,he,,

commentinfo By: ei lay at Feb 15, 2012
Comment #9

nin 1 yout de a twat ngar ye tit sar

commentinfo By: ei lay at May 4, 2012
Comment #10

ဟုတ်တယ် ဝေးနေတုန်းပဲ

commentinfo By: ဖူးမေ at Sep 14, 2012
Comment #11

I believe u.

commentinfo By: ei lay at Nov 26, 2012
Comment #12

ရင်မှာ နင့်အတွက်ဆို အမြဲအဖြူရောင်လေးပါ ညီမရယ်

commentinfo By: shwe toe at Apr 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment