Professional Authors

အလင်းမျှော်စင် (မင်းခိုက်စိုးစန်)

(၁)
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်။

(၂)
တစ်နွေလုံးလုံး မျှော်လင့်ခဲ့တာတောင်မှ
ဘ၀က
ဘာပန်းမှ ပွင့်မပေးနိုင်ခဲ့ဘူး။
ငါ့ကိုယ်ငါပဲ ပြန်ပြီးခူးခဲ့တယ်။
လူဆိုတာ “ရူးနေတဲ့ ဥယျာဉ်”တစ်ခုပါပဲကွယ်

(၃)
ပြတင်းပေါက်ကို ဖွင့်လိုက်ရုံနဲ့
နံနက်ခင်းဟာ
အသင့်ဝင်လာခဲ့ဖို့ကောင်းတယ်။
လောင်းကစားပွဲမှာ
ကံကြမ္မာက
‘မှောင်ရမယ်’ ဆိုတဲ့ဘက်ကချည်း နိုင်နေတာ
ငါ မခံချင်လွန်းလို့ပါကွယ်။

(၄)
တစ်ခုခုကို ယုံကြည်ပစ်လိုက်ဖို့ရာ
ဘ၀မှာ တကယ်လိုတယ်
တစ်နေ့ကို ၂၄ နာရီရှိတယ်လို့
ကျွန်တော်တို့အားလုံး ယုံကြည်မှ
လက်ပတ်နာရီချင်း တိုက်ညှိလို့ ရသလိုမျိုး
(သိပ်ဆိုးဆိုးရွားရွားမဟုတ်ရင်)
ယုံကြည်ပစ်လိုက်ဖို့ကို လိုအပ်တယ်။

(၅)
လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေတာ မဟုတ်ဘူး။
ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
(ငါ့အပေါ်) ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင်တော်ပြီ။

မင်းခိုက်စိုးစန်
အလင်းမျှော်စင် essay မှ
People မဂ္ဂဇင်း၊ ဧပြီလ ၂၀၀၄။

Comment #1

ခံစားချက်နဲ့တိုက်ဆိုင်တဲ့ ကဗျာကောင်းလေးတွေ ရှာဖွေစုစည်း ပေးတဲ့အတွက် တစ်ကယ်ကို လှိုက်၂ လှဲ၂ ကျေးဇူးတင်ပါတယ်……….

commentinfo By: dodo at Apr 18, 2011
Comment #2

တစ်ခုခုကို ယုံကြည်ပစ်လိုက်ဖို့ရာ
ဘ၀မှာ တကယ်လိုတယ်
တစ်နေ့ကို ၂၄ နာရီရှိတယ်လို့
ကျွန်တော်တို့အားလုံး ယုံကြည်မှ
လက်ပတ်နာရီချင်း တိုက်ညှိလို့ ရသလိုမျိုး
(သိပ်ဆိုးဆိုးရွားရွားမဟုတ်ရင်)
ယုံကြည်ပစ်လိုက်ဖို့ကို လိုအပ်တယ်။
သိပ်ကောင်းတဲ့ကဗျာကိုတင်ပေးတဲ့ ဖြိုးဖြိုးကိုကျေးဇူးတင်ပါတယ်..။

commentinfo By: ရွှေငါး at Apr 22, 2011
Comment #3

ကိုယ့် ရူးသွပ်မှုနဲ့ ကိုယ် စိမ်းလန်း
ငါ့ အပေါ် ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင် တော်ပြီ……….

commentinfo By: nwenyeinaye at Aug 15, 2011
Comment #4

စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်။
ကောင်းတယ်…
ခံစားရတယ်

commentinfo By: yaewintaung at Oct 30, 2011
Comment #5

အလင်းမျှော်စင်ပေါ်တက်ရတာ ရင်မောသွားတာပဲ။လူတွေက တစ်ဘ၀လုံးမျှော်လင့်ကြရတာ နိယာမပဲထင်ပါတယ်။

commentinfo By: lighthunter at Nov 28, 2012
Comment #6

တစ်ခါဖတ်တိုင်း တစ်ရစ်တိုးပြီးကြိုက်လာတယ်ဗျ… 🙂

commentinfo By: 13th at Oct 16, 2013
Comment #7

အရင်တုန်းက ဖတ်တုန်းက လည်း ကြိုက်တယ် အခုထပ်ဖတ်လည်း အခု ကြိုက်တုန်းပဲ..ဘယ်တော့မှ ရိုးမသွားဘူး…

commentinfo By: ap at Oct 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment