Professional Authors

လုပ်စရာရှိတာ…ဆက်လုပ်ပါ(genius)

ဘာပြောချင်နေတာလဲ?
ပြောလိုက်ပါ
ပြောလိုက်ပါကွာ
မင်းရင်ထဲရှိတဲ့စကားတွေ…
ဘာဖြစ်ဖြစ်
ဘာစကားလုံးပဲဖြစ်ဖြစ်
ငါ ခေါင်းညိတ်ပေးခဲ့တာပဲ။
ခွဲစမ်းပါ
ငါ့ရင်ခွင်ကို ခွဲလိုက်စမ်းပါ။
ဘာမှ မမျှော်လင့်ခဲဘူး။
(အရာရာပေါ့)
ဘာမှလည်း ပြန်မတောင်းဘူး။
ငါပြန်ပြီး လျော်ကြေးတောင်းရင်
သံသရာအဆက်…
ငါ့အပေါ်အချစ်ကြွေးတွေ
ဆပ်လို့ကုန်မှာ မဟုတ်ဘူးဆိုတာ
ကြိုသိနေတယ်။
ကဲ…ဒီတော့
ငါပြောချင်တာက
မင်းလုပ်သမျှကို
ငါ…ခံစားမယ်ပေါ့။

In: ကဗျာ Posted By: Date: Sep 5, 2011
Comment #1

အတိုးကကော ? 😛

commentinfo By: May Kha at Sep 5, 2011
Comment #2

ငါပြောချင်တာက
မင်းလုပ်သမျှကို
ငါ…ခံစားမယ်ပေါ့။
… တကယ် ကြီး ပေါ့

Comment #3

ပြတ်သားတယ်ကွာ ……..
အားပေးသွားတယ်……………

commentinfo By: sitayenyein at Sep 5, 2011
Comment #4

..အား..ပေး..သွား..တယ်……

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #5

ညီ .. လူဆိုးအားပေးသွားတယ်နော် .. 🙂

commentinfo By: chityellusoelay at Sep 5, 2011
Comment #6

pyaw chin tar dot a myar g pe(yin bat g ne a pyae pop)

nin yin ko kwe phoe ka dot ma phyit naing bu(hna lone tar ka nyin nay loh)

yaw kyae pyan taung yin nin pyan sat naing hmar ma hote bu(nout 10 tet sat loh kone hmar ma hote bu)

ngar pyaw chin tar ka,,,
sat p ma hnake sat par ne dot loh taung so chin par de.

commentinfo By: ei lay at Sep 5, 2011
Comment #7

သူဘာလုပ်လုပ်ပေါ့ ဟုတ်လား လန့်စရာကြီးဗျာ ( just kidding ) တစ်ခါတစ်လေတော့လည်း အရမ်းချစ်မိရင် ကိုယ်ကတောင် ဒုတိယလူဖြစ်သွားတတ်တယ် အားပေးသွားတယ်ဗျ ကဗျာလေး ။

commentinfo By: X - ray at Sep 6, 2011
Comment #8

အားပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Sep 6, 2011
Comment #9

ဘာပြောချင်နေတာလဲ?
ပြောလိုက်ပါ
ပြောလိုက်ပါကွာ
မင်းရင်ထဲရှိတဲ့စကားတွေ…
ဘာဖြစ်ဖြစ်
ဘာစကားလုံးပဲဖြစ်ဖြစ်
ငါ ခေါင်းညိတ်ပေးခဲ့တာပဲ။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Sep 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment