Professional Authors

ပင်လယ်တွေဖြတ်ခဲ့ပါချစ်သူ….(genius)

ရက်စက်ခြင်းတွေပဲ
ဆုပ်ကိုင်ပြီး…
ရှေ့ဆက်မနေပါနဲ့ချစ်သူ။

ရင်ငွေ့နဲ့တည်တဲ့
ခရမ်းရောင်…
မျှော်စင်ကြီးကိုလည်း
မော့ကြည့်လိုက်ပါဦးကွာ။

လှည့်မကြည့်တမ်း
ကြဲဖြန့်ခဲ့တဲ့.အဆိပ်
အခုဆို…ငါ့ရင်ခွင်မှာ
အသွင်ပြောင်းပြီး
အချစ်ပန်းတွေ…
လှိုင်လှိုင်ပွင့်လို့ပေါ့။

ဘယ်လို.ဘာပဲဖြစ်ဖြစ်ပါ
အချိန်တန်…အိမ်ပြန်
နောက်မကျဖို့တော့
ကူးခတ်ခဲ့ပါ…
ဆော်လမွန်ငါးမလေးရယ်….။

In: ကဗျာ Posted By: Date: Feb 9, 2012
Comment #1

ညီလေးရေ
ကဗျာလေးက တိုပေမယ့်
အဓိပ္ပါယ် ရှိတယ်ကွာ
ကိုယ့်ချစ်သူ အတွက် အကောင်းဆုံး
ဖော်ကျူးပေးနိုင်တယ်
အားပေးသွားတယ် ညီရေ

commentinfo By: ရွှေကြယ်မိုး at Feb 9, 2012
Comment #2

အမိုက်စားလေးပဲ. . ရဲမင်း ရ
ကြိုက်ခဲ့သည် ။။ 😉

commentinfo By: နတ်သမီး at Feb 9, 2012
Comment #3

မုန်တိုင်းထန်နေတယ်
ဆော်လမွန်ငါးမလေးလည်း မကူးရဲဘူး
ကယ်ပါ

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 9, 2012
Comment #4

ဘယ်ကငါးမလေးကို ငါ့မောင်ရေးထားတာပါလိမ့်…
အားပေးသွားတယ်ဗျို့

commentinfo By: အသဲကွဲမိုး at Feb 9, 2012
Comment #5

mike de kwarrrrrrrrrrrrr
so nice

commentinfo By: ei lay at Feb 9, 2012
Comment #6

ဆော်လမွန်ငါးမလေးတဲ့ တိုင်းရင်းသူထင်တယ် ဟုတ်လားဝေ့
ကဗျာလေး ကောင်းသဗျ ချစ်သူကို သိပ်ချစ်ပုံရတယ်ဗျ
နောင်လည်း အားရင်ကဗျာသစ်တွေတင်ဦးဗျ အားပေးဦးမယ် ။

commentinfo By: X - ray at Feb 9, 2012
Comment #7

လှည့်မကြည့်တမ်း
ကြဲဖြန့်ခဲ့တဲ့.အဆိပ်
အခုဆို…ငါ့ရင်ခွင်မှာ
အသွင်ပြောင်းပြီး
အချစ်ပန်းတွေ…
လှိုင်လှိုင်ပွင့်လို့ပေါ့။

commentinfo By: zawthetoo at Feb 10, 2012
Comment #8

ရက်စက်ခြင်းတွေပဲ
ဆုပ်ကိုင်ပြီး…
ရှေ့ဆက်မနေပါနဲ့ချစ်သူ။

ကဗျာလေး ကောင်းတယ်

commentinfo By: kantkawmg at Feb 10, 2012
Comment #9

miss so so much

commentinfo By: ei lay at Nov 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment