Professional Authors

Fly Kiss=ရှင်ကွဲအနမ်း


good bye ,,,တဲ့
လေထဲမှာ လွင့်ပျံလာတဲ့ ဗိုင်းရပ်စ်
ရင်ခုန်သံတွေအားလုံးကိုက်ဖြတ်သွားပြီ။

နေညိုချိန်နောက်ခံပန်းချီကားနဲ့
လမ်းကလေး အမှောင်ကျချိန်
အရောင်လွင့်စအနမ်းတွေ ရှင်ကွဲကွဲ
အပြုံးဖျော့ဖျော့တွေ မွစာကြဲလို့။

ကောင်မလေးရေ
မိုးစိုမျက်တောင်လေး အသာခတ်
ငါတို့အနာဂတ်ကို ခဏသိမ်းထားရအောင်ပါ။

အမည်မပေးရသေးတဲ့
ဟော့ဒီ ကြမ္မာမွဲအိပ်မက်လေးမှာ
ငါတို့ တေးသံတွေ ခဏရပ်
လက်မပြဘဲ ဝေးနေကြမယ်။
……………..
…………………..
……………………….
ကောင်မလေးရေ
good bye…။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

E Lo le phyit tar be lar?

commentinfo By: ei lay at Dec 27, 2012
Comment #2

Paung like ,,Kwe like pop naw.
Kha na kha na e lo g lar?
Sate pyat sa yar g .
ekkk..

commentinfo By: ei lay at Dec 27, 2012
Comment #3

Awful

commentinfo By: phyu pwint at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment