Professional Authors

စိတ်ကူးတွေရဲ့ ကပွဲ

  • စိတ်ကူးတွေရဲ့ ကပွဲ

 

အရာအားလုံးက

တိုးတိတ်နေ၏

ငါ……

အိမ်မက်တံခါးဆီ လှမ်းခဲ့ပီ

ခန်းနားတဲ့

တေးသံတွေကြားမှာ

အနမ်းများ

လမ်းသလားနေတဲ့

နှုတ်ခမ်းဖျားတွေရဲ့

ရူးသွတ်မှု ပြပွဲ

အိမ်မက် လှခဲ့သည်

 

ညဉ့်နက်နက်ထဲ

ကဝေတစ်ကောင်ရဲ့တေးသံတွေ

နတ်ဆိုးများရဲ့လက်ခုတ်သံတွေ

စုန်းတစ်ကောင်လို

ပြုစားခြင်းရဲ့ ကြားထဲက

ဒီချစ်ခြင်းတွေကို

စေတန်နဲ့ စီးချင်းထိုးပြီး

လနတ်သမီးကိုခိုးယူချင်တယ်

ဒါပေမယ့် …..

စစ်မြေပြင်မှာ ငါ တစ်ယောက်ထဲ

စီးချင်းထိုးနေတယ်

 

တစ်ဖက်စောင်း လည်နေတဲ့

ကမ္ဘာမှာ

ငါကိုယ်တိုင် မတ်မတ်

မရပ်နိုင်တာ မဆန်းဘူး

အနက်ရောင် နှလုံးသားတစ်စုံက

ရပ်တန့်ငေးမောနေတယ်

ကျေးဇူးပြုပြီး

ကျောမခိုင်းလိုက်ပါနဲ့

အိမ်မက်တွေ 

အရောင်ဖျော့မှာ စိုးလို့

တကယ်တော့

ပင်လယ်နားမှာ ငါရပ်မိတဲ့….ငါ

ရေချိုငတ်ခဲ့ပြီ။

 

  • လူသစ်
In: ကဗျာ Posted By: Date: Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment