ကောင်မလေးအတွက်ပေးစာ
ကောင်မလေးရေ..
မင်းနဲ့ ငါနဲ့က ချစ်သူတွေနော်
မင်းကို ငါ သိပ်ချစ်ခဲ့သလိုပဲ
ငါကိုလည်း မင်းသိပ်ချစ်ခဲ့တယ်ဆိုတာ
ငါကော မင်းကော သိပြီးသားပါလေ။
ကောင်မလေးရေ…
အခု ငါတို့ ဝေရတော့မယ်နော်
မင်းနဲ့ ငါတို့ ချစ်ကြတာကိုပေါ့
မင်းမိဘတွေ သိသွားသလိုပဲ
ငါ အသိုင်းအ၀ိုင်းကလည်း
သဘောမတူဘူးလေ။
ကောင်မလေးရေ….
အချစ်စစ်မှန်ယင်
ဘယ်တော့မှ မဖြောင့်ဖြူးဘူးတဲ့
ဒီစကားကို လက်မခံနိုင်ပေမယ့်
ရေနစ်သူအတွက်ကတော့
ကောက်ရိုးတစ်မျှင်ကလည်း
အားကိုးရာတစ်ခုပါနော်။
ကောင်မလေးရေ….
မင်းနဲ့ ငါနဲ့ ဇတ်လမ်းက
ဒီမှာတင်မဆုံးသတ်မှာလား
ငါတော့ ကြိုးစားကြည့်ချင်တယ်လေ။
ပြန်လည်ဆုံဆည်းနိုင်ဖို့အတွက်ပေါ့။
ကောင်မလေးရေ…
ငါတို့တွေချစ်ခဲ့တာ အခုဆို
၁၉ ရက်နေ့က ၈ လဆိုတဲ့
အချိန်မှတ်တိုင်တစ်ခုကို
ဖြတ်သန်းနိုင်ခဲ့ကြပြီနော်
၈ လဆိုတဲ့အချိန်က
ဘယ်လိုလုပ်အလွယ်တစ်ကူ
အချစ်တစ်ခုကို မေ့လွယ်ပျောက်လွယ်
ရှိနိုင်ပါ့မလဲ့ပေါ့နော်။
ကောင်မလေးရေ…
ငါကြိုးစားနေပါတယ်
အတူတူ လက်တွဲပြီးတော့
ဘ၀တစ်ခုကို တည်ဆောက်ကြည့်မယ်ပေါ့
မင်းလည်း ငါလိုပဲဆိုတာ ငါလည်း သိပါတယ်
ငါလည်း ကြိုးစားနေသလိုပဲ
မင်းလည်း ကြိုးစားပါနော်။
ကောင်မလေးရေ…
ဒီနေ့တော့ တော်သေးပြီကွယ်
နောက်နေ့တွေမှပဲ
ငါအချစ်တွေ
မင်းနဲဆုံဆည်းခဲ့ပုံတွေကို
ပြန်လည် ရင်ဖွင့်လိုက်ဦးမယ်နော်။
Comment #2
Your poem is very good man,
i like it very much
Go on writing
Cheers!
By: မွန်စိုက် at Nov 22, 2010
Comment #3
ကောင်းတယ်ဗျာ
အားပေးတယ်နောက်လဲများများရေး
နိုင်ပါစေ
By: ၇န်လေး at Jan 12, 2012




Comment #1
ကဗျာလေးက အရမ်းမိုက်ပါတယ်။