Professional Authors

မင်းနဲ့ ပတ်သတ်ရင်……

ဟောင်းခဲ့တာပဲဖြစ်ဖြစ်
နှောင်းခဲ့တာပဲဖြစ်ဖြစ်
မပြောင်းလဲခဲ့တာတော့
ငါ့သတိရမှုတွေဘဲ ရှိတယ် ။
အရာရာတိုင်းမှာ-
အတိုးအလျော့တွေပဲ ရှိရှိ
အကျိုးအမြတ်တွေပဲ ရှိရှိ
အရှုံးအမြတ်မထားတာတော့
ငါ့ချစ်ခြင်းတွေဘဲရှိတယ် ။
ဇာတ်သိမ်းမှာ-
အမုန်းတွေပဲ ဆုံးဆုံး
အလွမ်းတွေပဲ ဖုံးဖုံး
( မင်းနဲ့ပတ်သက်ရင် )
ပြုံုးပြုံးလေးပဲ ကျန်ခဲ့ပေးမယ် ။         ။

In: ကဗျာ Posted By: Date: Apr 10, 2011
Comment #1

ပျော်ရွှင်မှုတွေကို မတူတူ
ခံစားခဲ့ကြပြီးတော့..
ဆူးခင်းတဲ့လမ်းရောက်မှ
မင်းကကျန်ခဲ့ပြီပေါ့လေ..
လုပ်လိုက်ပါ ငါဆိုတဲ့ကောင်က
မင်းအတွက် အဖြည့်ခံဖြစ်ဖို့
ဆုံးဖြတ်ချက်ချပြီးသားပါကွာ

commentinfo By: aungkhant at Apr 11, 2011
Comment #2

ကို့နှလုံးသားထဲမှာမင်းကအမြဲနေတယ်
အချိန်တိုင်းပန်းပွင့်တဲ့ကမ်းခြေမှာပေါ့
လေညင်းဂီတနဲ့ အနမ်းလှလှလေးတွေရှိတယ်
မနက်ဖြန်ကိုဆွဲဖွင့်ပေးမဲ့အလင်းနုနုရှိတယ်
သီချင်းဆိုတဲ့ငှက်ကလေးတွေရှိတယ်
ကိုယ့်အချစ်တွေလဲရှိတယ်..
ပြီးပြည့်စုံတဲ့ဘ၀ကြီးမှာ
ဘာလိုသေးလဲချစ်သူ…….

commentinfo By: aungkhant at Apr 11, 2011
Comment #3

အားပေးသွားပါတယ်…

commentinfo By: Hlaing Myoe at Apr 11, 2011
Comment #4

အလွမ်းတွေပဲ ဖုံးဖုံး
( မင်းနဲ့ပတ်သက်ရင် )
ပြုံုးပြုံးလေးပဲ ကျန်ခဲ့ပေးမယ် ။ ။
အားပေးသွားပါတယ်…

commentinfo By: genius.jinx28 at Apr 11, 2011
Comment #5

mike de kwar

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment