Professional Authors

အသည်းကွဲနေတဲ့လူလိမ္မာ

အသိုင်းအ၀ိုင်းကနှစ်ခု မတူညီခဲ့ဘူး ကလေးရယ်…
ခေါင်းတွေညိတ်လိုက် ခေါင်းတွေခါလိုက်
သက်ပြင်းတွေချလိုက် အဝေးကိုငေးလိုက်နဲ့ 
တစ်ယောက်တည်းတွေး အချိန်တိုင်းဆွေးနေရပြီ…
လာမယ်လို့ကမ်းတဲ့လက်ကို ငြင်းလိုက်တာ
မချစ်လို့မပာုတ် မသင့်လို့ပါ…
ကိုယ်ကသုည မင်းတစ်ယောက်တိုးလာလဲ
တန်ဖိုးက ပြောင်းမသွားဘူး….
အချစ်တခုတည်းနဲ့  မပြီးပြည့်စုံတဲ့ ဘ၀မှာ
ရှေ့ဆက်ဖို့ အင်အားက ဘယ်ကရပါ့မလဲ…
ငှဲ့ ကွက်စရာ ထောက်ထားစရာတွေများတဲ့ အခြေအနေမှာ
လူကြားကောင်းအောင် သားလိမ္မာလုပ်ခဲ့ တဲ့ ကိုယ်
ကျောင်းဆင်းချိန်တိုင်း ငေးကြည့်နေရုံနဲ့ 
အသည်းကွဲသမားဘွဲ့ ခံယူခဲ့ပြီ….
လက်ထဲမှာ မီးလောင်နေတဲ့ ငါးဆယ်တန်ကို
ပြာခြွေချ အိပ်မရတဲ့ ညမှာ
ကလေးအတွက် ကဗျာတစ်ပုဒ်ရေးပေးခဲ့ တယ်…
ခွှင့်လွတ်တော့ ကလေးရယ်….။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

🙁

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment