Professional Authors

အသည်းကွဲကဗျာ

နင့်အချစ်က
လေမှာပျောက်ကွယ်သွားတတ်တဲ့ အခိုးအငွေ့လား
ဖြစ်ခဲ့သမျှ
ဘာမှပြန်တွေးချင်စရာမကောင်းအောင်
နာကျင်ကြေကွဲဖွယ်…………
တစ်နယ်တစ်ကျေးမှာ လှပနေမယ့်
နင့်ဥယျာဉ်လေး
ဘယ်လိုရနံ့တွေ မွှေးပျံနေမလဲ
မဝေးသေးတဲ့ကာလက
နင်နဲ့ငါ့ကမ္ဘာလေးထဲ လင်းပြခဲ့တဲ့
ကြယ်စင်တွေ
ဘယ်ကောင်းကင်မှာပုန်းနေသလဲ
ငါမသိနိုင်ခဲ့ဘူး………
ပြန်မဆုံနိုင်တော့ပေမဲ့
ပြန်ဆုံချင်သေးတဲ့ အတွေးများနဲ့
အလွမ်းစည်းဝိုင်းထဲက မကျွတ်နိုင်သေးတဲ့
ဂျင်ပဲ့လေးတစ်လုံးဟာ ငါပါပဲ
ှုငါ့နှုလုံးသားက
ထိရင် ညှိုးသွားတဲ့ ထိကရုန်းပင်လေးလား

In: ကဗျာ Posted By: Date: Nov 8, 2010
Comment #1

ပြန်မဆုံနိုင်တော့ပေမဲ့
ပြန်ဆုံချင်သေးတဲ့ အတွေးများနဲ့
အလွမ်းစည်းဝိုင်းထဲက မကျွတ်နိုင်သေးတဲ့
ဂျင်ပဲ့လေးတစ်လုံးဟာ ငါပါပဲ

—-သိပ်ကောင်းပါတယ်ဗျာ

commentinfo By: Nainggye at Nov 9, 2010
Comment #2

thanks Nainggye

commentinfo By: Zar Zar at Nov 9, 2010
Comment #3

ကောင်းပါတယ်ကျွန်တော်လည်းအသည်းကွဲသမားဆိုတော့ခံစားတက်ပါတယ်။
လောကကြီးမှာအပေါဆုံးက
မိန်းမနဲ့ပိုက်ဆံပါ

commentinfo By: boaungdhin at Feb 18, 2011
Comment #4

ကြိုက်လိုပါ

commentinfo By: 7.9 at Nov 9, 2011
Comment #5

အရမ်းကြိုက်ပါတယ်…

commentinfo By: moe at Dec 2, 2012
Comment #6

ကျွန်တော်လဲအရမ်းကြိုက်တယ်ဗျာတိုက်ဆိုင်လွန်းလို့ ပါဗျာ

commentinfo By: ThawZin at Jun 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment