Professional Authors

မိုးအတွက်

မိုး…..
တမ်းတချိန်တိုင်း ခံစားရလို့
နာကျင်ခြင်းတို့ခေတ္တမေ့ပြီး
မိုးသည်းထဲလျှောက်သွားမိတိုင်း
တစ်ယောက်တည်းအဖော်မဲ့နေဆဲပါပဲ…
မိုး…
နာကျင်စွာ အော်ဟစ်လို့
ကြေကွဲသွားတဲ့ ငါ့နှလုံးသားတစ်စုံကို
တစ်စဆီပြန်ကောက်ရင်း
တဖွဖွမြတ်နိုးစွာနမ်းရှိုက်မိတဲ့ငါ
မိုးသည်းထဲမှာပါ…
မိုး………..
တစ်ယောက်တစ်နေရာဆီ
ဝေးလွင့်လို့ကြွေနေရပေမဲ့
ငါ့မျက်ဝန်းထဲက မျက်ရည်စတို့
ပျိုကြချိန်တိုင်း မိုးနာမည်တဖွဖွ
ငါ့ရင်မှာတမ်းတနေဆဲပါပဲ….
အခုတော့ နေညိုချိန်တိုင်း
အပြာရောင်ကောင်းကင်ကြီးအောက်မှာ
တစ်ချိန်က မိုးသည်းတဲ့နေ့လေးကို
တမ်းတရင်း မိုးစွန့်သွားတဲ့ နေ့ရက်မှစ
ဒီနေ့အချိန်ထိ မိုးရယ်…..
ဘယ်ဆီမှာလဲကွယ်…

(ဒဏ်ရာ)

In: ကဗျာ,ဂျူး Posted By: Date: Jul 19, 2010
Comment #1

မိုက်တယ်ဗျာ.. ဂျူးရဲ့ ကဗျာတွေကို မဖတ်ဖူးဘူးဗျ..။
ပို့စ်တင်ပေးတဲ့သူကို တကယ်ကျေးဇူးတင်ပါတယ်..။

commentinfo By: moe eain at Aug 7, 2010
Comment #2

ဂျူးရဲ့ကဗျားတွေကို မဖတ်ဖူးဘူးဗျ..
တင်ပေးတဲသူကို အရမ်းကျေးဇုတင်ပါတယ်

commentinfo By: မော်မော် at Sep 12, 2010
Comment #3

လန်းတယ်ကွာ

commentinfo By: purple at Sep 20, 2010
Comment #4

အရမ်းကြိုက်တယ်

commentinfo By: ayeyu at Sep 30, 2010
Comment #5

poem hote loh lar? novel g nae tu tal book name plz? thae2 lae juu yae fan ta yout pr

commentinfo By: thae thae at Nov 3, 2010
Comment #6

ကဗျာဖတ်လို့ ကျေနပ်အားရတဲ့သူတွေ အတွက် ကျေးဇူးတင်ပါတယ်..နောက်လဲ
ကဗျာကောင်း ကောင်းလေးတွေ ရေးပေးပါဦးမယ်..

commentinfo By: ဒဏ်ရာ at Nov 13, 2010
Comment #7

ဟုတ်တယ် ဂျူးရဲ့ ၀တ္ထုတွေသာ ဖတ်နေတာ ကဗျာ ရေးထား မဖတ်ဖူးဘူး ကျေးဇူးတင်ပါတယ်

commentinfo By: magnolia at Nov 23, 2010
Comment #8

ကဗျာ ကြိုက်သူများအတွက်…
အကောင်းဆုံးကြိုးစားပြီးရေးပေးသွားမှာပါ…
အကောင်းဆုံးတွေခံစားဖို့….
ကောင်းမွန်တဲ့ ကဗျာ အသစ်တွေကို မွေးဖွားသွားမယ်ဆိုတာ
ဝန်ခံကတိပြုပါတယ်ဗျာ…..

ကျွန်တော့်E Mail ပါ…
[email protected]

commentinfo By: ဒဏ်ရာ at Nov 23, 2010
Comment #9

မိုး………..
တစ်ယောက်တစ်နေရာဆီ
ဝေးလွင့်လို့ကြွေနေရပေမဲ့
ငါ့မျက်ဝန်းထဲက မျက်ရည်စတို့
ပျိုကြချိန်တိုင်း မိုးနာမည်တဖွဖွ
ငါ့ရင်မှာတမ်းတနေဆဲပါပဲ…

commentinfo By: May Kha at Aug 3, 2011
Comment #10

good …

commentinfo By: chityellusoelay at Aug 19, 2011
Comment #11

အရမ်း ကြိုက်တယ် တစ်ချိန်က မိုး ကို သတိရတယ် ….သူအဝေးမှာနေကောင်းပါ့မလား ဒါမမှတ်ဟုတ် အရမ်းရင်ကျက်လာတဲ့ သူပုံစံနဲ့ မာနတွေ ကောင်ကင်မှာ ပျံဝဲနေမလား သိချင်မိတယ် မိုးရယ် …..

commentinfo By: Aungphyo at Feb 27, 2012
Comment #12

အရမ်း ကြိုက်တယ် တစ်ချိန်က မိုး ကို သတိရတယ် ….သူအဝေးမှာနေကောင်းပါ့မလား ဒါမမှတ်ဟုတ် အရမ်းရင်ကျက်လာတဲ့ သူပုံစံနဲ့ မာနတွေ ကောင်ကင်မှာ ပျံဝဲနေမလား သိချင်မိတယ် မိုးရယ် …..

commentinfo By: Aungphyo at Feb 27, 2012
Comment #13

so touching

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment