Professional Authors

အသည်းကွဲ ရုံ သက်သက်ပါ

မိုးတွေ ကတော့ရွာနေလေရဲ့
သူတို့ ကို ကျွန်တော်လည်း
ဂရုမစိုက်နိုင်
လေနဲ့ အတူ အဝေးကို
တဖြေးဖြေး လွင့်သွားတဲ့
ထီးအပြာရောင်လေးကလည်း
ဂရုမစိုက်နိုင်
သူမက အပြာရောင်ကြိုက်တယ်လေ
ဘာလို့လဲ မေးတော့
ချစ်ခြင်း၊သစ္စာရှိခြင်းရဲ့သက်သေလေတဲ့
အခု တော့ သူတို့ ကားကလေး က
မမြင်ရတော့ဘူးလေ
သူမ ပါသွားတဲ့
အိမ်စီးကားသန့်သန့်လေးလေ
ကျွန်တော်စောင့်နေတဲ့
ဘတ်စ်ကားတွေ တစ်စီးပြီးတစ်စီး
လွတ်ကုန်ပါပြီ
လက်ထဲ က သုံးထောင့်ငါးရာတန်
သူမလက်ဆောင်ပေးခဲ့သော နာရီ
အမြဲ တမ်းပတ်ထားတဲ့
နာလည်း ရီနေရမယ်တဲ့
အခု တော့ သူစက္ကန့် တွေ လည်း မိုးရေတွေ
မွန်းနေချေပြီ
ထို့အတူ
လက်ထဲ က မင်္ဂလာဆောင် ဖိတ်စာလေးလဲ
မွန်းနေချေရဲ့
သို့ သော် မိုးရေတွေနဲ့ မဟုတ်ပါ
ကျွန်တော် မျက် ရည်တွေ လေ….
ထားခဲ့သူ နဲ့ အထားခံရသူ
အိမ်စီးကားတစ်စီး
ဘတ်စကား
ထီးတစ်ချောင်း
ရွာနေတဲ့ မိုး
သုံးထောင့် ငါးရာတန်နာရီ
မင်္ဂလာဆောင်ဖိတ်စာ
၂၀၁၀ ရဲ့ နေ့ ရက် တစ်ခု
အားလုံးဟာ စီးချက်ကြကြ
ပြဇတ်က နေလေပြီ
ကျွန်တော်မျက်ရည်တွေ လည်း
ပျော်ရွှင်စွာ အာပါးတရ
ဝင် ရောက်ကခုန်နေလေရဲ့
ကုန်ကားတစ်စီး
ကျွန်တော်
လွင့်နေဆဲထီး
ရေနူးနေသော  မင်္ဂလာဆောင်ဖိတ်စာ
ကွဲ နေသော နာရီတစ်လုံး
အားလုံးကို လူတိုင်းမြင် နိုင်ပါတယ်
တကယ် တမ်း
သူတို့ မမြင် ရတာက
သူမ ရဲ့ လှောင်ပြုံးရယ်
ကျွန်တော့်ရဲ့ ကွဲ နေတဲ့  အသည်းရယ်ပေါ့…။
စိတ်မပူပါနဲ့ ကျွန်တော် ဘာမှ မဖြစ်ပါဘူး…။
အသည်းကွဲ သွားရုံ သက်သက်ပါ
နာရီလေးကတော့………။

In: ကဗျာ Posted By: Date: Aug 21, 2011
Comment #1

oh,,,,
unhappy ending.

hin,,,,
lone wa kyike bu.

happy ending pe yae pay par naw,

commentinfo By: ei lay at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment