Professional Authors

အသည်းကွဲ ဓါတ်ပုံဆိုင်

အရမ်းလှသည့်
ကောင်မလေးတစ်ယောက်ပါ
သူမကို ပြောတာပေါ့
သူမ က ခပ်လန်းလန်းလေး
တစ်ယောက်ပေါ့
ဘယ်လို လှ လည်းဆိုတာ
ကျွန်တော်မပြောတတ်ဘူး
ဒါပေမယ့်
ကျွန်တော်သိတာ
သူမ ကလှတယ်လေ
ဘယ်လိုပဲဖြစ်ဖြစ်
သူမ သွားရင်
ကျွန်တော်ငေးနေခဲ့တယ်
ကျွန်တော့်ဆိုင်ထဲကလေ
ကျွန်တော်ကဓါတ်ပုံ ရိုက်တဲ့
လူတစ်ယောက်ပေါ့
သူမ ကတော့ဘာမှန်း
ကျွန်တော်သေသေချာချာ
မသိဘူး
ဒါပေမယ့်
သူမ မှာ ချစ်စဖွယ်
မျက်ဝန်းဝိုင်းဝိုင်းလေး
ချိုသာတဲ့ ရယ်သံလေး
ခိုးခိုးကြည့်လိုက်တိုင်း
ရမ်းခါ သွားတဲ့
ဆံနွယ်လေးတွေက
ကျွန်တော့်နှလုံးသားကို
လှုပ်ခတ်နေတဲ့
ပုခတ်ကြိုးလေးပေါ့ဗျာ…..
တစ်နေ့ သူရယ်
ကောင်လေးတစ်ယောက်ရယ်
ပြီးတော့သူကမေးတယ်
အလှ ပုံရိုက်မယ်တဲ့
သူတို့တွေ အိုက်တင်တွေလုပ်ကြတယ်
ဘယ်လို အိုက်တင်လုပ်ရမလဲ တဲ့
အဲ အဲ
ကျွန်တော်တွေဝေသွားတယ်
ကျွန်တော်ချစ်ရတဲ့
ကောင်မလေးလေ ဗျာ
မျက်လုံးကို ကျွန်တော်မှိတ်လိုက်တယ်
ညီလေး က ညီမလေးကို
ဖက်ထားလိုက် အဲအဲ
ညီမလေးက
လက်မောင်းလေးကို ကိုင်ထား
အဲ အဲ ဟုတ်ပြီ
ရိုက်မယ် ပြုံးပြုံးလေး……………….။
သေချာပါတယ်
ကျွန်တော်နှလုံးသားထဲကို
Flash တွေ ၀င်ကုန်ပြီ
zoom ဘယ်လို ဆွဲဆွဲ spot တွေပဲ
ခင်ဗျားတွေရလိမ့်မယ်….
ပြီးရင် သူတို့ပုံတွေကို
photoshop သုံးကာကျွန်တော် အလှ ဆုံး
ပြင်ပေးရအုံးမယ်…..။
နှလုံးသားကိုတော့
နောက်နေ့ကြမှ
ှScan ဖတ်ကြည့်ရမယ်လေ……။

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

har,,,,,,,,,,
tay yaw kwar,,,,,,
so sorry to know.
how’s the life?

commentinfo By: ei lay at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment