ရင်ဘက် နှင့်အမျှ…………………။
ရင်ဘက် နှင့်အမျှ…………………။
သူမ အတွက်
ငါကဗျာတွေရေးခဲ့တယ်
သူမ အတွက်
ငါ့ အတွေးတွေ ပေးခဲ့တယ်
သူမ အတွက်
အချစ်တစ်ခု ငါစတေးခဲ့တယ်
သူမ သူမ သူမ
ငါ အသက်ရှင်နေရတာ
သူမ အတွက်ပဲ
သူမ က ငါ့ဘ၀ပဲ
သူမ က ငါ့ဖူးစာရှင်ပဲ
သူမ ကို ငါ ချစ်တယ်
မြတ်မြတ်နိုးနိုးနဲ့ကို ငါချစ်တာ
မိုးချုပ်မှနေထွက်
မနက်မှ ညနေ
ငါ့အတွေးတွေကို ပိုင်စိုးထား
နှလုံးသားကို အုပ်မိုးထားတဲ့
သူမ ပုံရိပ်
သူမ ရဲ့ အသံ
ဒါ တွေ ဟာ ငါ့အတွက်တော့
မမေ့နိုင်တဲ့ဟန်တွေပဲ
ချစ်တာကို ချစ်တယ်လို့
လွယ်လွယ် မပြောချင်တာ
ဒါပေမယ့်
ငါအချစ်ကို ဖော်ပြဖို့ အထိအရောက် ဆုံး
စကားလုံးက မရှိ
လှလို့ ချစ်တာမဟုတ်
ချစ်ဖို့ကောင်းလို့ ချစ်တာမဟုတ်
ချစ်ဖို့ အတွက်ချစ်နေတာ
ရယူ ခြင်းလည်းကင်းတယ်
ပေးဆပ်ခြင်းလည်းကင်းတယ်
အနှောင်အဖွဲ့လည်းကင်းတယ်လေ
ကောင်မလေးတစ်ယောက်ကို
ကောင်လေးတစ်ယောက်ကို
ချစ်သလိုပဲ ရိုးရိုးလေးပဲ
ငါမင်းကို ချစ်တယ်
အခုလည်း ချစ်တယ်
နောက်လည်းချစ်တယ်
အတိတ်ကလည်း ချစ်ခဲ့တယ်
ရင်ဘက် နှင့်အမျှ…………………။
Comment #2
Hin,,,ko Moe g.
Dar ne,,,ma ti loh Mae par ya say naw.
Yout kyar u twar p so?
Nout 1 yout lar?
Ekkkkk
Myan like Dar daw.
Ka byar sayar tway myar,,talkie Kaung ta lout sun pa daw..
Haw 1 yout,,Haw 1 yout pe.
😛
By: ei lay at Dec 16, 2012




Comment #1
R larr larr
Yeah……
Yae le heart hti twar p.
Kway twar p.
Chit chin loh chit tar pop naw….