Professional Authors

ကျွန်ုပ်ထံ

ကျိန်စာသင့်သလားလေ
မျက်ရည်တွေ စွန်းတဲ့
နှလုံးသား
ဘယ်သူမမြင်
ဘယ်သူမကယ်
ဘယ်သူမှ နားမလည်
ဒါပေမယ့်
ကျွန်တော်မျော်လင့်ခဲ့တယ်
သူမ များ နားလည်လေမလား
မြင်လေမလား
ကယ်ဆယ်လေမလား
မျော်လင့်မိသည်
exp-date ကျော်သွားခဲ့ချေပြီ
နှလုံးသားကို
ပုဝါ အုပ်
နောက်ဆုံးသူမကို
ချစ်တဲ့စိတ်နဲ့ပဲ
မီးရှို့သဂြိုလ် ဖြစ်ခဲ့သည်………..။
မကောင်းမှုဟူသည်
စိတ်ကွယ် ရာမရှိတဲ့
ငါ လည်းဘာမကောင်းမှုမှ မလုပ်ဘဲ
သူမ ကို ဘာလို့ကြောက်နေတာလဲ
ချစ်တာကို အပြစ်မြင်တဲ့သူ
ချစ်တာကို အပြစ်ထင်တဲ့လူ
ဘယ်လိုပြောပြော ငါ့ဘက်က
အမှားချည်းဘဲလား……….
ဝေဒနာတစ်ချို့comment ၀ိုင်းတက်ကျသည်
အမှတ်မရှိတဲ့လူတဲ့
လူကတော့ အမှတ်မရှိဘူး
နှလုံးသားမှာ တော့
အမှတ်တင်မကဘူး
အမာရွတ်တွေပြည့်လို့
ဆေးဖော်ကြောဖက်လုပ်မယ့်
ချစ်သူ သူနာပြုတစ်ဦးအလိုရှိသည်…….
နှလုံးသားအား
ယုယပိုက်ထွေးကျွမ်းကျင်စွာဖြင့်
ပြုစုနိုင်ရမည်…………….
အချစ်အပြည့်အ၀ပေးမည်
ဆက်သွယ်ရန်……….။

In: ကဗျာ Posted By: Date: Dec 18, 2011
Comment #1

he,,he,,,
da ke daw tar,,
da ke,,da ke,,
a yan mike de,,,
a te kwe de tar pyaw dar naw,,pyaw nay ta lo pe….
he,,he,,
a yan chit tar pe lar?

commentinfo By: ei lay at Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment