Professional Authors

စောင့်ဆိုင်းသူ

ရွာနေပြန်ပြီလေ
သင်သိမှာပေါ့
ဒီလို စိုစွတ်စွတ်
မိုးဖွေးလေးတွေ
အုံစိုင်းစိုင်းတိမ်တိုက်တွေ
အေးစက်စက်လေနုအေးအချို့က
 ကျွန်ုပ်ရင်ထဲက
ဒဏ်ရာအချို့ကိုတူးဆွ ကြနေလေပြီလေ
ကျွန်တော်လက်ခံထားတဲ့အချစ်ဆိုတာက
ဂြိုလ်ဆိုးကောင်မဟုတ်ဘူးဆိုတာပဲ
ဒါကြောင့်ကျွန်တော်တံခါးဖွင့်ပြီး
ကြိုဆိုမိခဲ့တာပေါ့
ဟေ့ cappuccino မင်းက လူကိုရင်ပူစေယုံမျှမက
ရင်ပါတုန်စေခဲ့တာ ပါ
အခုလိုမိုးဖွဲတွေ ကျချိန်တိုင်း
ကိုယ်မင်းကိုသတိရတဲ့အချိန်တွေကို
ဖော်ပြဖို့ ကိန်းဂဏန်းအချို့ဟာလောက ကြီးမှာ
မတည်ရှိခဲ့ဘူးလေ
အခုလိုမိုးရာသီတွေဆို
ငါ့ရင်ထဲမှာကမ္ဘာပျက်နေ ကျပေါ့
မင်းဘယ်မှာလဲဆိုပြီးတော့ပေါ့လေ……….။

In: ကဗျာ Posted By: Date: Aug 16, 2010
Comment #1

hote loh lar

commentinfo By: ei lay at Jan 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment