Professional Authors

ဆောင်းဋီကာ

ဝေဒနာခါးခါးတွေနဲ့ အနေကြာသွားလို့ထင် မြင်မြင်ရာကိုသံသယ၀င်ဝင်နေမိ
ကံကြမ္မာဆိုတာတခါတလေမှာ ကွက်ကြားရွာတတ်လွန်း
တဖက်သားအတွက်ဆိုလေတိုင်း မပြတ်သားတတ်ခဲ့တော့ အင်း … ခံလိုက်အုန်းပေါ့
အခွင့်အရေးဆိုတာနှစ်ခါပြန်မရတတ်ဖူးတဲ့ တစ်ခါမှမရဖူးတဲ့ဒီအရာ တစ်ခါတလေချင်ခြင်းတတ်မိခဲ့
နည်းနည်းတော့ချိုမြိန်လိမ့်မယ်ထင်မိ တစ်ခါတစ်ထောက်ဆိုပေမယ် အခါခါရောက်ဖြစ်နေတဲ့ ကြေကွဲခြင်းများ
ဒီတစ်ဆာင်းလည်းလွမ်းရအုန်းမှာပါပဲ …. ငွေနှင်းမှုန်တွေရဲ့ကြားမှာ… ချစ်ခြင်းအဟုန်တွေနဲ့ကျွမ်းလောင်ခဲ့ဖူး
ငါ့ဘ၀မှာ ဆောင်းတွေမရှိတာကြာခဲ့ပါပြီလေ ရိုးရိုးလေးတွေးမိရုံနဲ့ တိုးတိုးလေးပြန်ပြန်ကြားယောင်မိ
ငါတို့ရဲ့ချစ်ခြင်းတေးသံများ ဝေးရာမှနီးလာသလို နီးရာမှပိုပိုဝေးကွာလာခဲ့ပေါ့ … ဘယ်အထိဆက်ဝေးနေမလဲဆိုတာ
ထားလိုက်ပါတော့လေ မဆုံးနိုင်တဲ့ဒီချစ်ခြင်း သက်ပြင်းတွေလည်းချမနေတော့ပါဘူး
တစ်ခုခုလိုချင်ရင် တစ်ခုခုပေးရသတဲ့ ဒါပေမယ့် ငါ့အတွက်ကျမှအပေးတွေကသိပ်များ
အင်း .. ငါ … အကြွေးတွေသိပ်များခဲ့လို့ထင်ပါတယ် ပေးဆပ်မှု့သက်သက်နဲ့ချစ်ခြင်း ငါတို့ယဉ်ကျေးမှု့တွေထဲကိုသွတ်သွင်းခဲ့ရင်
ကမ္ဘာမှာစစ်တွေခင်းစရာတောင်လိုမယ်မထင် …. အဲဒီလိုနဲ့… အေးငြိမ်းချမ်းသာကမ္ဘာကြီး တိတ်တဆိတ်လေးသာပဲပျက်စီးခဲ့ရင်
ခင်ဗျားတို့သဘောတူပါရဲ့လား ။                      ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 6, 2012
Comment #1

Tuu par bu.
D lout sate ta baw htar kaung Dar,,kan kaung hmar pop.a chain 1 khu yout yin pop.
D lout Thu ko narr le p tan phoe htar Dar,,,Thu ka le a yann chit hmar pop.Thu ma ti loh nay hmar pop loh.

commentinfo By: ei lay at Dec 6, 2012
Comment #2

ဟင့်အင်း တူပါဘူးနော်

commentinfo By: မေပျို at Dec 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment