Professional Authors

ဘဝ

ဘ၀တွေ..ရေးတာများတော့
ဘ၀တွေ…မျက်လုံးမှိတ်ပြီပေါ့
(ငိုက်ခြင်း၊ ပျင်းခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်ပျက်ခြင်း)
အင်း…ဒါလဲဟုတ်တာပဲ
ရေးလိုက်ပြန်..ဘဝ
ချပြပြန်………ဘဝ
ဒါနဲ့ပဲ…
ဘ၀သမားတွေ…
ဘ၀ကိုခါးမှာလဲဆိုးရွံ့ ရဲ့
ရှာမိတာတွေကလဲ…
ဒါတွေပဲမို့ 
မရှာပဲတွေ့မှာကလဲ…
ဒါတွေပဲမို့….
ရှာပြီးတွေ့တဲ့…ဘ၀ကို
မရှာသေးသူ…ရှာနေသူ
ရှာပြီးသူအကုန်အတူတူတွေဝေငှပါရဲ့ဗျာ
ကိုယ့်ကိုကိုယ်သိခြင်း..
ဒါလဲ..ဘဝ
သူများကိုသိခြင်း…
ဒါလဲ……..ဘဝ
ကိုယ်ရောသူရောသိခြင်း…
ဒါလဲ..ဘဝ
သိခြင်းက ရှိခြင်းကိုပြောတာ
ရှိခြင်းကိုပြောတဲ့မရှိခြင်းမှာဘ၀နဲ့ ပိုနီးတယ်
အဲ…ရှိခြင်းလဲ..မဝေးပါဘူး
ဒါကြောင်း…ဘ၀ပါလို့
လှလှလေးမဆိုတက်တာတော့
ခွင့်လွှတ်ပေးကြပေါ့
အင်း…ဘ၀..ဘဝ

In: ကဗျာ Posted By: Date: Dec 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment