Professional Authors

သုံည

ကျွန်တော်……..
ချစ်ခဲ့မိဖူးတယ် ။

သူ… လာရာလမ်း
မျှော်ကာမှန်းလို့
စောင့်စားခဲ့ဖူးတယ် ။

တစ်ခါတစ်ခါ ဆုံတဲ့
သူ့ အကြည့်တွေကြောင့်
ရင်ခုန်ခဲ့မိဖူးတယ် ။

မကြာမကြာ မြင်ရတဲ့
သူ့ အပြုံးတွေကြောင့်
ပျော်ရွှင်ခဲ့ရဖူးတယ် ။

တေးသွားစာသား
ချပြီး ရေးလို့
ကြိုးကြာရုပ်ခေါက်
သူမသိအောင်
သူ့ကို ပေးခဲ့ဖူးတယ် ။

အင်း……………….
သူ့ကို ချစ်ခဲ့မိဖူးပေမယ့်
ရလဒ်ကတော့……
သုံညတစ်လုံးပေါ့ဗျာ
ဒါပေမယ့်………
ကျွန်တော် ကျေနပ်ပျော်ရွှင်မိတယ် ။

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

ကဗျာလေးက ရိုးရိုးလေးနဲ့ ကောင်းပါတယ် … သုံည ဆိုလို့ ပိုပြီး စိတ်ဝင်စားသွားတယ် … အားပေးသွားပါတယ် …

ကိုဇီးရိုး

commentinfo By: Zero Boyz at Feb 29, 2012
Comment #2

tan phoe shi de tone nya lay par..

commentinfo By: ei lay at Feb 29, 2012
Comment #3

အတွေး၊ ဖွဲ့ထားတာလေး ကောင်းတယ်

commentinfo By: kantkawmg at Mar 1, 2012
Comment #4

FB မှာ အစ်မတစ်ယောက် ရေးသွားတဲ့ Result= 0! ဆိုတဲ့ Comment ကို ဖတ်ရင်း တွေးမိ ခံစားလိုက်မိတဲ့ ခံစားချက်လေးတစ်ခု သက်သက်ပါဗျာ

commentinfo By: Demon at Mar 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment