Professional Authors

ခဏနေပါအုံး

တခါတလေတော့လဲ

ဘ၀မှာ တခါလောက်တော့

မှတ်မှတ်ရရလေး…ရိုင်းပြချင်လာတယ်..

ယုတ်မာချင်သလိုလိုဖြစ်လာတယ်။

ခဏနေပါအုံး

လောကကြီးကို မျက်ကွယ်ပြု

နှုတ်ဆက်ချင်လောက်အောင်ကို

စိတ်ဓာတ်တွေ…ရေနစ်နေတယ်။

ကိုယ့်ကိုကိုယ် စုတ်ပြတ်သပ်နေအောင်ကို

မိုက်ကန်းချင်လာတယ်။

ခဏနေပါအုံး

လောကကြီးကို

ထူးခတ်ထားတဲ့ ဘောင်တွေကို

မင်း..မာန သေးသေးလေးနဲ့

သွားမချိုးဖျက်ချင်ပါနဲ့ကွာ။

ခဏနေပါအုံး

မင်း…စုတ်ပြတ်သပ်နေမှာပေါ့။

မင်းအတွက်

အသေအကြေ..ရီရင်းနဲ့အသက်စွန့်မယ့်

လူတွေတပုံကြီး..ရှိသေးတယ်။

ခဏနေပါအုံး

သူများအတွက် အားဆေးက

မင်းအတွက် ကျရှုံးမှု

အဖြစ်မခံပါနဲ့..ခဏစောင့်ပါအုံး။

မင်းမျက်ရည်က

ငါတို့ အတွက်

Orange juice သာသာ ဆို

မင်းဘာလုပ်မှာလဲ။

အစဉ်အလာတွေ ချိုးဖောက်တိုင်းလဲ

သူရဲကောင်းဖြစ်မလာပါဘူးကွာ။

မင်းဆွဲနေတဲ့ ပန်းချီကားကြီးက

အစကတည်းက

အထက်အောက်မှားနေတယ်

ခဏလေး နေလိုက်ပါအုံး..ဗျာ။ ။

FiйaL⎝⋋⏝⋌⎠mUtaTioй

4.5.2010 ( 4:43 pm)

In: ကဗျာ Posted By: Date: May 4, 2011
Comment #1

huh,,,,,,,,,,mike de kwar

commentinfo By: ei lay at Jun 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment