Professional Authors

‘ရသခါးခါး’

ခြေထောက်မပါတဲ့ အတွေးတွေနောက်
ခြေရာကောက်လို့  အပြေးလိုက်
ရင်ခွင်မှာမောဟိုက် ခဲ့ပြီ……။
ဘ၀ချိန်ခွင်ပေါ်က ကံကြမ္မာလျှာ
ကံဆိုးတဲ့ဘက်မှာ အလေးသာနေတော့
လမ်းလျှောက်ရင်းလမ်းပျောက်
မိုးခါးရေတွေပဲ သောက်သောက်နေရတယ်…..။
မျှော်လင့် ချက်မဲ့ အကျည်းတန်ဘဝ
ရသစုံ လေးနက်လှဖို့ 
‘သူမ’ကဖေးကူ အမုန်းသရဖူပေးခဲ့ပြန်တော့
နှလုံးသားထက်က နာကြင်မှု
ကြေကွဲမှုတွေပြည့်လျှံ အထီးကျန်လူ ဖြစ်လာတယ်………။

ဝေဟင်

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

ဘုရင်ဖြစ်ခွင့်ပေးလို့သင့်ချစ်သူကို ကျေးဇူးတင်ပေးလိုက်ပါ ခွင့်လွှတ်ခြင်းတွေနှင့် အတူပေါ့ ကံကောင်းလာမှာပါ

commentinfo By: မေပျို at Nov 22, 2012
Comment #2

အခုလိုအကြံပေးတာကျေးဇူးပါ မမေပျို

commentinfo By: soewaihin at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment