Professional Authors

*ချိုမြိန်သောအတ္တ*

ချစ်သူ…….။
နင်နဲ့ပတ်သက် ချစ်ခွင့်ရသမျှ
အိပ်မက်တစ်ခုသာဆိုရင်
ငါ…နိုးထရမှာ စိုးမိပါတယ်
အနီးအပါး အတူရှိစဉ်က
ကြည်နှုး ပျော်မြူးခဲ့တာဟာ
ဝေးကွာချိန်တစ်နေ့နင်မေ့ပစ်လိုက်မှာလား
လူ့ဘ၀ လောက ခရီးရှည်ကြာ
နင်ပျံသန်းလှုပ်ရှားရင်း
တောင်ပံညောင်းတဲ့တစ်နေ့
ခိုနားမယ့် ရင်ခွင် တစ်စုံ
ငါဖြစ်ခွင့်ရချင်ပါသေးရဲ့ ချစ်သူ
အချစ်ဆိုတာ
တစ်ခါ တစ်ရံတော့ လည်း
နောက်ဆုတ်ကျန်ရစ်
ဝေးဝေး က ပဲ ချစ်နေရခွင့်
ပိုင်ဆိုင်ရလည်း ငါ့အတွက်တော့
ကျေနပ်စရာပါ။
(ငါ့အတွက်ကတော့ အချစ်မှာ အချစ်က သာ အဓိက ကျလို့)

In: ကဗျာ Posted By: Date: Nov 7, 2011
Comment #1

လုလင် အားပေးသွားသည်

Comment #2

100% right,,
pure,,believed,,,honest,,,faithful,,,

commentinfo By: ei lay at Nov 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment