Professional Authors

*ပေးဆပ်ခြင်းများနဲ့ ငါ*

သိပ်ချစ်ခဲ့ကြတဲ့
ငါတို့ နှစ်ယောက်ရဲ့
အချစ်တွေအတွက်
အဆုံးသတ်က
လမ်းတ၀က်မှာ
ရပ်တန့်ဖို့ အတွက်ပဲလား
မိုးနဲ့မြေလို
ကွာခြားလွန်းတဲ့
ဘ၀တွေထဲမှာ
နင်ကိုပိုင်ဆိုင်ဖို့
မျှော်လင့်မထားခဲ့ပေမယ့်
ဆုံးရှုံးဖို့လည်း
လက်ခံရဲ့ခဲ့ပါဘူး
ဆုံဆည်းဖို့ဆိုတာ
မဖြစ်နိုင်မှန်းသိရက်နဲ့
တကယ်တော့ ငါက
နင့်ဘဝ
နင့်ပျော်ရွှင်မှုအတွက်
တဖက်သတ် ရူးသွပ်ခဲ့မိတာပါ
နောက်ဆုံးအချိန်အထိ
ပေးဆပ်ခြင်းဆိုတဲ့ အသိနဲ့
နောင်တဆိုတာလည်း
မရှိတော့ပါဘူး
ဘယ်အရာကိုမှ
နောက်ထပ်မလိုအပ်တော့တဲ့
ငါ့ဘ၀ထဲမှာ
အရာအားလုံးက
နင်ဖြစ်နေခဲ့ပြီလေ…။

In: ကဗျာ Posted By: Date: Nov 6, 2011
Comment #1

so nice..
so perfect.

commentinfo By: ei lay at Nov 7, 2011
Comment #2

ဆုံဆည်းဖို့ဆိုတာ
မဖြစ်နိုင်မှန်းသိရက်နဲ့
တကယ်တော့ ငါက
နင့်ဘဝ
နင့်ပျော်ရွှင်မှုအတွက်
တဖက်သတ် ရူးသွပ်ခဲ့မိတာပါ
ကောင်းတယ်ဗျ..ရေးသမျှအားလုံး..အကောင်းတွေပဲ..။

commentinfo By: poem.poem28 at Nov 7, 2011
Comment #3

a yar arr lone ka nin phyit nay ke p lay

commentinfo By: ei lay at Nov 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment