Professional Authors

အိပ်မက်ဟုတ်မဟုတ် မသိတဲ့ အိပ်မက်

အိပ်မက်ဟုတ်မဟုတ် မသိတဲ့ အိပ်မက်

 

စကားလုံးတွေ ပေါင်းတင်ထားတဲ့ည

ဝိဥာဉ်နှုတ်ထားတဲ့ ဝိုင်ခါးခါးတခွက်

စိတ်က ခံတွင်းချဉ်နေတုန်း

မသောက်ဖြစ်တဲ့ ဆေးလိပ် … တိုသွားတယ်။

 

ဘာကိုမှ အောက်သက်မကျေတဲ့

စပ်ဖျဉ်းဖျဉ်း ဘဝတစ်ခုကို လေလံတင်တော့

ကြမ်းခင်းဈေးကကို ခေါင်ခိုက်နေတယ်

အိပ်မက်က မနိုးမချင်းပေါ့လေ။

 

ဒါနဲ့ ကိုယ့်ကိုကိုယ် ထုတ်ပိုးပြီး

နေဝင်ချိန်တွေဆီ ပါဆယ်ပို့လိုက်တယ်

လိပ်စာအတိအကျ တပ်မထားတော့

ရောက်ချင်မှလည်း ရောက်မယ်

 

အိပ်မက်ချင်း အတူတူ

ရောင်စုံလား အဖြူအမည်းလား မေးမနေပါနဲ့

ဘယ်လောက် လက်တွေ့ဆန်လဲပဲ မေးပါ

အဓိက က အိပ်မက်ဟုတ်မဟုတ် သေချာချင်ခဲ့တာ ……

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jul 26, 2011
Comment #1

ဘာကိုမှ အောက်သက်မကျေတဲ့
စပ်ဖျဉ်းဖျဉ်း ဘဝတစ်ခုကို လေလံတင်တော့
ကြမ်းခင်းဈေးကကို ခေါင်ခိုက်နေတယ်
အိပ်မက်က မနိုးမချင်းပေါ့လေ။

ဒါနဲ့ ကိုယ့်ကိုကိုယ် ထုတ်ပိုးပြီး
နေဝင်ချိန်တွေဆီ ပါဆယ်ပို့လိုက်တယ်
လိပ်စာအတိအကျ တပ်မထားတော့
ရောက်ချင်မှလည်း ရောက်မယ်
ကြိုက်တယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 26, 2011
Comment #2

အရမ်းအရမ်းကိုမိုက်တယ် chiron

commentinfo By: thiribo at Jul 26, 2011
Comment #3

မိုက်တယ်…

commentinfo By: songmoezin at Jul 27, 2011
Comment #4

စကားလုံးတွေ ပေါင်းတင်ထားတဲ့ည

ဝိဥာဉ်နှုတ်ထားတဲ့ ဝိုင်ခါးခါးတခွက်

စိတ်က ခံတွင်းချဉ်နေတုန်း

မသောက်ဖြစ်တဲ့ ဆေးလိပ် … တိုသွားတယ်။..
ကြိုက်နှစ်သက်..တယ်….အားပေးလျှက်….

commentinfo By: အသဲကွဲမိုး at Jul 27, 2011
Comment #5

ဟား အဲလိုရေးတတ်ချင်ပါတယ်

commentinfo By: HEROSMITH at Jul 27, 2011
Comment #6

ကဗျာမရေးချင်တော့ဘူးသာပြောတယ်.. ငါ့အစ်ကိုကြီးက ရေးလက်ပိုတက်လာတယ်း)

commentinfo By: ကောင်မလေး at Jul 27, 2011
Comment #7

စကားလုံးတွေ ပေါင်းတင်ထားတဲ့ည
ဝိဥာဉ်နှုတ်ထားတဲ့ ဝိုင်ခါးခါးတခွက်
စိတ်က ခံတွင်းချဉ်နေတုန်း
မသောက်ဖြစ်တဲ့ ဆေးလိပ် … တိုသွားတယ်။
gr8t!

commentinfo By: ဖိုးနမ်း at Jul 28, 2011
Comment #8

တစ်ပုဒ်လုံးကောင်းနေတော့ ဘယ်နားအပိုဒ်ကို ဘယ်လို ထုတ်ပီး ကောက်နှုတ်ပြရမှန်းမသိတော့ဘူး….
သေချာတာတော့ အိပ်မက်မဟုတ်ပဲ လက်တွေ့ဆန်ဆန်ဖတ်လိုက်ရတဲ့ ကဗျာလေးက အိမ်မက်မဟုတ်ပဲ လက်တွေ့ဆန်ဆန်ကို အရမ်းကောင်းလွန်းနေခဲ့တယ် ငါ့အစ်ကိုရေ

commentinfo By: ပန်းခရေ at Jul 30, 2011
Comment #9

ဘာကိုမှ အောက်သက်မကျေတဲ့

စပ်ဖျဉ်းဖျဉ်း ဘဝတစ်ခုကို လေလံတင်တော့

ကြမ်းခင်းဈေးကကို ခေါင်ခိုက်နေတယ်

ကောင်းလိုက်တဲ့ ကဗျာ

commentinfo By: MyoZin at Jul 30, 2011
Comment #10

စကားလုံးတွေ ပေါင်းတင်ထားတဲ့ည

ဝိဥာဉ်နှုတ်ထားတဲ့ ဝိုင်ခါးခါးတခွက်

စိတ်က ခံတွင်းချဉ်နေတုန်း

မသောက်ဖြစ်တဲ့ ဆေးလိပ် … တိုသွားတယ်။
မသောက်ပဲတိုတယ်ဆိုတော့ ကျိုးသွားတာပေါ့….။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #11

စိတ်ကခံတွင်းချဉ်နေတုန်း မသောက်ဖြစ်တဲ့ဆေးလိပ်တိုသွားတယ်ဟုတ်လားကိုကြီး
ကျနော်လည်းခံတွင်းချဉ်လာတယ်ဖတ်ရင်းနဲ့
စတာပါကိုကြီးရယ်
အရမ်းအရမ်းကောင်းတယ်။

commentinfo By: myatthuraaung at Aug 29, 2011
Comment #12

ဒါနဲ့ ကိုယ့်ကိုကိုယ် ထုတ်ပိုးပြီး
နေဝင်ချိန်တွေဆီ ပါဆယ်ပို့လိုက်တယ်
လိပ်စာအတိအကျ တပ်မထားတော့
ရောက်ချင်မှလည်း ရောက်မယ်….
ဟုတ်တယ်..နာကျင်ဖွယ်ပါ…
ကဗျာကိုရင်ဘတ်တခြမ်းနဲ့  ဖတ်ရှုခံစားသွားပါတယ်ဆရာ…

commentinfo By: sharon myorr myor at Nov 2, 2011
Comment #13

ကောင်းတယ်နော်ငုလေးလဲရေးတတ်ချင်လိုက်တာ……….ခံစားချက်တွေရှိသေးရင်အမြဲရေးနော်..ငုလေးအားပေးနေမယ်

commentinfo By: ngulay at Feb 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment