Professional Authors

ဝေး

အဝေးကို ငေး
မဝေးရဖို့အတွက်
ငါ နဲနဲတွေးမိတယ် ..
လိုက်လေ ဝေးလေ
မျှော်လေ လှမ်းလေ
အချစ်ဆိုတာ
ခြေရာခံလိုက်ရုံနှင့်
ရနိုင်မယ့် .. သားကောင်မဟုတ်တာ
မင်း …
နားမလည်ခဲ့ဘူး
ရာသီဥတုဆိုတာ
သူ့အချိန်အခါနှင့် သူ …
သဘာဝဆိုတာ
သူ့ တရားနှင့် သူ …
မင်း သိသင့်ခဲ့တာက
ပန်း ဆိုတာ
ရာသီအလိုက်ပဲ
ပွင့်တတ်တယ် …
အခုတော့လည်း
ငေးရင်း တွေးရင်း
ဝေး ဝေး နေတုန်းပဲ…။

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

ဒီကဗျာကို category မှားနှိပ်ပြီးပို့မိလို့ ပြန်တင်လိုက်ပါတယ်ရှင်

commentinfo By: maypyo22889 at Nov 22, 2012
Comment #2

ကောင်းတယ်
ရသ တခုခုပေးသွားသလိုပဲ

commentinfo By: soewaihin at Nov 22, 2012
Comment #3

ကျေးဇူးပါရှင်

commentinfo By: မေပျို at Nov 22, 2012
Comment #4

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ…
စာလုံးတွေသုံးထားတာတိုတိုရှင်းရှင်းလေးနဲ့..တကယ်ထိရောက်..ပါတယ်.။ခံစားအားပေးသွားပါတယ်….

commentinfo By: poem.poem28 at Nov 24, 2012
Comment #5

ကျေးဇူးတင်ပါတယ်နော်

commentinfo By: မေပျို at Nov 24, 2012
Comment #6

အခုတော့လည်း
ငေးရင်း တွေးရင်း
ဝေး ဝေး နေတုန်းပဲ…။

commentinfo By: mayviolet at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment