Professional Authors

အကြောင်းပြချက်တွေ မဲ့နေတုန်းပဲ….။ ။

မောင်
နင်ချစ်သော ငါ့ ဆံပင်ရှည်တွေ ဆက်လက်ထိန်းသိမ်း
ဘယ်သူနမ်းရှိုက်စေဖို့ အတွက်ဆိုတာတော့
အကြောင်းပြချက် မဲ့နေတုန်းပဲ…..။
 
မောင်
နင်အမြတ်တနိုး ခြယ်သပေးဖူးသော
ငါ့လက်သည်းရှည်တွေ အရောင်စုံတောက်ပ
ဘယ်သူ့ကြောင့် ငါ ဒီလို မွန်းမံနေတယ်ဆိုတာတော့
အကြောင်းပြချက် မဲ့နေတုန်းပဲ…..။
 
မောင်
နင် ဆင်မြန်းပေးဖူးသော ဆွဲကြိုးလေးတစ်ကုံး
ငါ့လည်တိုင်မှာ ခုချိန်ထိ တွဲလွဲခို
ဘာ့အတွက်ကြောင့် ငါ ဆွဲမဖြုတ်ရက်ခဲ့တယ်ဆိုတာတော့
အကြောင်းပြချက် မဲ့နေတုန်းပဲ…..။
 
မောင်
ငါတို့အတူထိုင်ခဲ့ဖူးတဲ့ ပိတောက်ရိပ်ဆိုင်လေးသို့….
ငါ တစ်ယောက်တည်း အမြဲရောက်ဖြစ်ခဲ့
ဘယ်လိုခံစားမှုနဲ့ ငါထိုင်နေမိတယ်ဆိုတာတော့
အကြောင်းပြချက် မဲ့နေတုန်းပဲ…..။
 
မောင်
နင် နှစ်သက်ခဲ့သော “ချစ်သူမောင်” သီချင်းနားထောင်ဖြစ်တိုင်း
အလိုလိုနေရင်း ငါ မျက်ရည်ဝဲ
ဘယ်လိုနာကျဉ်မှုနဲ့ ငါ့ရင် စူးနစ်စေတယ်ဆိုတာတော့
အကြောင်းပြချက် မဲ့နေတုန်းပဲ…..။
 
မောင်
နင် ကတိပေးဖူးသော “ဘယ်တော့မှ ခွဲမသွားဘူး” ဆိုသည့်စကား
ငါပြန်တွေး နားထဲကြားယောင်တိုင်း
နင် “ပြန်လာမလား” ဆိုပြီး လမ်းမထက်ဆီ ခဏခဏမျှော်
“နင်ဘာကြောင့် ငါ့ကို ပစ်ရှောင်ခွာခဲ့လဲ” ဆိုတာတော့
ခုထိ အကြောင်းပြချက်တွေ မဲ့နေတုန်းပဲ….။     ။
In: ကဗျာ Posted By: Date: Jun 24, 2011
Comment #1

မောင်
နင် ကတိပေးဖူးသော “ဘယ်တော့မှ ခွဲမသွားဘူး” ဆိုသည့်စကား
ငါပြန်တွေး နားထဲကြားယောင်တိုင်း
နင် “ပြန်လာမလား” ဆိုပြီး လမ်းမထက်ဆီ ခဏခဏမျှော်
“နင်ဘာကြောင့် ငါ့ကို ပစ်ရှောင်ခွာခဲ့လဲ” ဆိုတာတော့
ခုထိ အကြောင်းပြချက်တွေ မဲ့နေတုန်းပဲ….။ ။
အားပေးသွားပါတယ်

commentinfo By: Nyo Linn Thit at Jun 24, 2011
Comment #2

အလွမ်းလေးရေ….
ဆံပင်တွေလည်းမှန်မှန်လျှော်၊လက်သည်းတွေလည်းမှန်2ညှပ်နော်
နောက်…ချစ်သူမောင်က နမ်းတဲ့အခါညစ်ပတ်တယ်ပြောရင် ဒုက္ခ
ဟဲဟဲဟဲ…..

commentinfo By: poem.poem28 at Jun 24, 2011
Comment #3

မောင်
နင် ကတိပေးဖူးသော “ဘယ်တော့မှ ခွဲမသွားဘူး” ဆိုသည့်စကား
ငါပြန်တွေး နားထဲကြားယောင်တိုင်း
နင် “ပြန်လာမလား” ဆိုပြီး လမ်းမထက်ဆီ ခဏခဏမျှော်
“နင်ဘာကြောင့် ငါ့ကို ပစ်ရှောင်ခွာခဲ့လဲ” ဆိုတာတော့
ခုထိ အကြောင်းပြချက်တွေ မဲ့နေတုန်းပဲ….။ ။
ကေ..ရင်ဘတ်ကိုတည့်တည့်ကြီးမှန်တယ်ဟာ

commentinfo By: အသဲကွဲမိုး at Jun 24, 2011
Comment #4

ဘယ်လိုနာကျဉ်မှုနဲ့ ငါ့ရင် စူးနစ်စေတယ်ဆိုတာတော့
အကြောင်းပြချက် မဲ့နေတုန်းပဲ…..။

commentinfo By: MyoZin at Jul 3, 2011
Comment #5

မောင်
နင် ကတိပေးဖူးသော “ဘယ်တော့မှ ခွဲမသွားဘူး” ဆိုသည့်စကား
ငါပြန်တွေး နားထဲကြားယောင်တိုင်း
နင် “ပြန်လာမလား” ဆိုပြီး လမ်းမထက်ဆီ ခဏခဏမျှော်
“နင်ဘာကြောင့် ငါ့ကို ပစ်ရှောင်ခွာခဲ့လဲ” ဆိုတာတော့
ခုထိ အကြောင်းပြချက်တွေ မဲ့နေတုန်းပဲ….။ ။

အဒါလေးကိုကြိုက်ပါတရ်

commentinfo By: su pone at Aug 18, 2011
Comment #6

အင်းနော်. ဘာကြောင့်ဆက်……နေရတာလဲဆိုတာလဲ အကြောင်းပြချက်တွေမဲ့နေတုန်းပါပဲ…
(အားပေးသွားပါတယ်)

commentinfo By: aphyu at Aug 18, 2011
Comment #7

နင်ချစ်သော ငါ့ ဆံပင်ရှည်တွေ ဆက်လက်ထိန်းသိမ်း
ဘယ်သူနမ်းရှိုက်စေဖို့ အတွက်ဆိုတာတော့
အကြောင်းပြချက် မဲ့နေတုန်းပဲ…..။

commentinfo By: Nge at Apr 16, 2012
Comment #8

မောင်
နင် ကတိပေးဖူးသော “ဘယ်တော့မှ ခွဲမသွားဘူး” ဆိုသည့်စကား
ငါပြန်တွေး နားထဲကြားယောင်တိုင်း
နင် “ပြန်လာမလား” ဆိုပြီး လမ်းမထက်ဆီ ခဏခဏမျှော်
“နင်ဘာကြောင့် ငါ့ကို ပစ်ရှောင်ခွာခဲ့လဲ” ဆိုတာတော့
ခုထိ အကြောင်းပြချက်တွေ မဲ့နေတုန်းပဲ….။ ။
sammmmmeeee fri . . it’s hurt

commentinfo By: athaekwelmoe at Apr 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment