Professional Authors

ကျွန်တော်သူတောင်းစားဖြစ်သွားတယ်..

မနက်မိုးလင်း….
အိပ်ယာကနိုးနိုးချင်း…
အမေ့ဆီကမုန့်ဖိုးတောင်းတော့တွေးမိတယ်
မိုးလင်းလင်းချင်း….ကျွန်တော်သူတောင်းစားဖြစ်သွားတယ်။
လက်ဖက်ရည်ဆိုင်ရောက်တော့မုန့်ဟင်းခါးစား
အလကားရတာတွေအကုန်ထည့်
ဟင်းရည်လေးအပိုတောင်းရင်းတွေးမိတယ်
မုန့်ဟင်းခါးစားရင်းကျွန်တော်သူတောင်းစားဖြစ်သွားတယ်။
ရည်ရွယ်တဲ့ကောင်မလေးမြင်သွားအောင်
ချစ်ကြောင်းကြိုက်ကြောင်းတွေရေးသား
အခွင့်အရေးပေးမလားတောင်းတော့တွေးမိတယ်
ချစိမိသွားလို့ကျွန်တော်သူတောင်းစားဖြစ်သွားတယ်။
အိပ်ယာမ၀င်ခင်ဘုရားရှိခိုး
အလွတ်ရတဲ့ကန်တော့ကျိုးတွေကိုရွတ်ဆိုဦးချ
ဆုတွေတသီကြီးတောင်းတော့တွေးမိတယ်
ဘုရားရှိခိုးရင်းကျွန်တော်သူတောင်းစားဖြစ်သွားတယ်။
အိပ်မက်ထဲမှာကောင်မလေးလက်တွဲပြီးလျှောက်သွား
အိပ်ယာနိုးတော့အားလုံးအလကား
ညတိုင်းမက်ဖို့ဆုတောင်းရင်းတွေးမိတယ်
အိပ်မက်မက်ရင်းကျွန်တော်သူတောင်းစားဖြစ်သွားတယ်။
ဟုတ်တယ်…ကျွန်တော်သူတောင်းစားဖြစ်သွားတယ်။   ။

In: ကဗျာ Posted By: Date: Feb 10, 2013
Comment #1

ဟီးဟီး
ပြောတတ်လိုက်တာနော်

commentinfo By: ei lay at Feb 10, 2013
Comment #2

Like this poem ..

With respect,
RAY

commentinfo By: X - ray at Jun 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment