Professional Authors

ဆေးရည်စိမ် ဘ၀များ – နရီထက်

ဈေးမလျှော့ ပဲမလျော့တဲ့
ပဲအများသာ မဟုတ်
စံချိန်မှီ အရည်အသွေးပြည့်ဝလွန်းတဲ့
နင်တို့ ငါတို့ သူတို့ အလှအပတွေလား

ဈေးအတင်းသာနှင့်
လေမလျော့နိုင်သေးဘူး
ငါတို့ နင်တို့ သူတို့ လှနေတုန်းပဲ

ကြွက်စုတ်တွေတော့ မဟုတ်
ကြွက်ဝမ်းဖြူလေးတွေပါ
အပုပ်တွေမစားပါ
အသီးအနှံ လတ်လတ်ဆတ်တွေ စားခဲ့သေးတယ်
ဖိနပ်တွေနှင့် အ၀တ်တွေမကိုက်တတ်ဘူး
ငါတို့ နင်တို့ သူတို့ ကိုယ်သင်းရနံ့တွေ မွှေးနေတုန်းပဲ

ဟိုတစ်နေ့က ဟောလိဝုဒ်အမိုက်စား အားနိုး
ဗိုက်အရွဲသားနဲ့
စတီဗင်ဆေးဂဲ အဘိုးကြီးပေါက်စ မဖြစ်သေးဘူးတဲ့
သူတို့က လှနေတုန်းပဲ…
ငါတို့ နင်တို့ သူတို့ မရယ်နိုင်သေးဘူး…

အ၀လွန်ခေတ်ထဲမှာ
တာရှည်ခံစားသောက်တွေနှင့်
ငါတို့တွေက ရိုးမြေကျ လှနေတုန်းပဲ…

အီဂျစ်က မံမီရုပ်ကလာပ်ကလည်း
သူတို့တွေ တာရှည်ခံ အလှတွေတဲ့
စိတ်ကြီးမရှိပေမဲ့ ရုပ်ကလာပ်တွေက အရောင်းလက်နေတုန်းပဲ
ကမ္ဘာပျက်မယ့်အထဲ သူတို့တွေ မပါနိုင်သေးဘူးတဲ့….။     ။

နရီထက်
( ၂၈ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 28, 2011
Comment #1

အားပေးသွားတယ် ……. အစ်ကိုတော်

commentinfo By: moehtetaung18 at May 28, 2011
Comment #2

ကျေးဇူးပါ… ညီလေး moehtetaung18

commentinfo By: Nayihtet at May 28, 2011
Comment #3

အကုန်လုံးကြိုက်တယ်။ ဒါမဲ့ ဒိအပှဒ်လေးတွေကိုတော်တော် ကြိုက်တယ် ကိုကြိး ။မိုက်လည်း မိုက်တယ် ရေးထားတာလေးတွေက အထာကျတယ် ကိုကြိး … ကြွက်စုတ်တွေတော့ မဟုတ်
ကြွက်ဝမ်းဖြူလေးတွေပါ
အပုပ်တွေမစားပါ
အသီးအနှံ လတ်လတ်ဆတ်တွေ စားခဲ့သေးတယ်
ဖိနပ်တွေနှင့် အ၀တ်တွေမကိုက်တတ်ဘူး
ငါတို့ နင်တို့ သူတို့ ကိုယ်သင်းရနံ့တွေ မွှေးနေတုန်းပဲ

ဟိုတစ်နေ့က ဟောလိဝုဒ်အမိုက်စား အားနိုး
ဗိုက်အရွဲသားနဲ့
စတီဗင်ဆေးဂဲ အဘိုးကြီးပေါက်စ မဖြစ်သေးဘူးတဲ့
သူတို့က လှနေတုန်းပဲ…
ငါတို့ နင်တို့ သူတို့ မရယ်နိုင်သေးဘူး…

အ၀လွန်ခေတ်ထဲမှာ
တာရှည်ခံစားသောက်တွေနှင့်
ငါတို့တွေက ရိုးမြေကျ လှနေတုန်းပဲ…

အီဂျစ်က မံမီရုပ်ကလာပ်ကလည်း
သူတို့တွေ တာရှည်ခံ အလှတွေတဲ့
စိတ်ကြီးမရှိပေမဲ့ ရုပ်ကလာပ်တွေက အရောင်းလက်နေတုန်းပဲ
ကမ္ဘာပျက်မယ့်အထဲ သူတို့တွေ မပါနိုင်သေးဘူးတဲ့….။ ။ကောင်းတယ်နော် ဆက်လက်အားပေးနေမယ်နော် ….း)

commentinfo By: thuya at May 28, 2011
Comment #4

ကျေးဇူးပါ…ချစ်ညီလေး သူရ…

commentinfo By: Nayihtet at May 28, 2011
Comment #5

အားပေးသွားတယ်အကိုကြီး……

commentinfo By: myintmo at May 30, 2011
Comment #6

Thank you ပါ… ချစ်ညီမငယ် မြင့်မိုရ်

commentinfo By: Nayihtet at May 30, 2011
Comment #7

သဘောကျတယ်.ဗျာ…..အားပေး..အားကျ..နှစ်သက်လျှက်

commentinfo By: အသဲကွဲမိုး at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment