Professional Authors

ရဲဘော်တို့

ရဲဘော်တို့
………….

ရဲဘော်တို့…

သင်တို့ခန္တာကိုယ်ထဲ
လည်ပတ်နေတာက
ရေတွေမဟုတ်
သွေးတွေ…

အမှန်တရားဆိုတာကို
သင်တို့ချစ်သလို
အားလုံးကလည်း ချစ်တယ်…

ကရုဏာတရားကို
သင်တို့လေးစားသလို
အားလုံးကလည်း လေးစားတယ်…

ဖိနှိပ်ချုပ်ချယ်မှုကို
သင်တို့မုန်းသလို
အားလုံးကလည်း မုန်းတယ်…

ခွဲခြားဆက်ဆံမှုကို
သင်တို့ အော့နှလုံးနာသလို
အားလုံးကလည်း အော့နှလုံးနာတယ်….

ရဲဘော်တို့…
ရောက်ရာအရပ်မှာ
တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကိုပြ….

ရဲဘော်တို့…
ရောက်ရာအရပ်မှာ
သစ္စာတရားနဲ့သူ့ရဲ့အလင်းရောင်ကိုပြ….

ရဲဘော်တို့…
သင်တို့ဟာ
စည်းလုံးညီညွတ်မှုရဲ့သွေးတွေ…
ချစ်ခြင်းတရားရဲ့ မွေးပေါက်ဖော်တွေ…

သင်တို့ဟာ…
ကချင်လည်းမဟုတ်ဘူး
ရခိုင်လည်းမဟုတ်ဘူး
ဗမာလည်းမဟုတ်ဘူး။
ပြီးတော့
……………………..
မဟုတ်ဘူး။

သင်တို့ဟာ…
မွတ်စလင်လည်းမဟုတ်ဘူး
ခရစ်ယာန်လည်းမဟုတ်ဘူး
ဗုဒ္ဓဘာသာလည်းမဟုတ်ဘူး။
ပြီးတော့
……………………..
မဟုတ်ဘူး။

ရဲဘော်တို့…
ရောက်ရာအရပ်မှာ
သင်တို့ဟာ မြန်မာတွေဆိုတာပြ….။ ။

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment