Professional Authors

သင်္ခါရ (ဗသူခေါင်)

ပျောက်ဆုံးခဲ့ကြဘူးသော
အတိတ်တို့ အား…
ခေါင်းလောင်းထိုးကာ
အမျှဝေပါ၏။

မေ့လျှော့တတ်ခြင်းကြောင့်
ဝေဝါးဝိုးတဝါး
….ဖြင့်သာ…….
အကြိမ်ကြိမ်စဉ်းစားခဲ့သည်။

သင်တို့ အားလည်း
သိကျွမ်းခဲ့ဖူးခြင်းမရှိပါ
သင်တို့ စကားသံ
များအားလည်း
ရင်းနှီးခဲ့ခြင်းမရှိပါ

ပျောက်ဆုံးတတ်သော
သဘောကြောင့်သာ
သင်တို့ ပျောက်ဆုံးသွားကြလျှင်
ကျွန်တော်ဝမ်းနည်းလိမ့်မည်မဟုတ်ပါ။

In: ကဗျာ Posted By: Date: Feb 5, 2012
Comment #1

ne ne taung kyut chin twar p,,
a ti ta yar lay win lar mi par de loh,

commentinfo By: ei lay at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment