Professional Authors

အငြိုး

ထိုပုရိသ….
ယောင်္ကျားသည်ပဲ
ကျွန်မအသည်း..အစိမ်းလိုက်မျို
မျှော်လင့်ချက်တို့..ရိုက်ချိုး
သံယောဇဉ်နှင့် အချိန် အား မငဲ့
လှည့်မကြည့်စတမ်း…..ထွက်ခွာရက်
ကျွန်မ..မျက်ရည်
အဖော်မဲ့ခဲ့သည်။

ထိုပုရိသ………
နှင့်ကျွန်မ၏အချစ်အား
ပြဇာတ်တခုမျှ အမည်တပ်
ပွဲလန့်တုန်းဖျာခင်း
စည်းမဲ့ကမ်းမဲ့….ရင်ခုန်ခြင်းဖြင့်
နှလုံးသား ကိုယ်ချင်းစာတရား…ကင်းသော
သူမ အား…နာကျဉ်းသည်

ထို့ထက် ထို့ထက်
အသစ်မြင်အဟောင်းပြစ်
ငါးစိမ်းမြင် ..ငါးကင်စွန့်
အသစ်အသစ်သာ…နှစ်သက်သော
ကျွန်မ အလွန်မြတ်နိုးသော
ထိုပုရိသအား….ပိုလို့ပိုကာ…..ရွံမုန်း၏

ကံပြကွက်တပတ်လည်
ပေတလှည့်တူတလှည့်မှ
သင်တို့..အလှည့်ကျရောက်
ပြိုလဲကြေကွဲခဲ့သော
မခိုင်မခံ့ ..အချစ်ပျက် တခုအား
အမျှမဝေ..သာဓုမခေါ်
အလဲလဲအကွဲကွဲ..မျက်ရည်တို့ကို…ခုံမင်
သင်တို့..ငိုသံအရှုံးတို့သည်
ငါ့၏….အောင်လံ
ထာဝရ
ကျွန်ုပ်ထက်ပိုသော
အသဲကွဲ…
အသဲခွဲမိုး..တို့
သင်တို့နှလုံးသားရပ်ဝန်းတ၀ိုက်
သည်းထန်စေသတည်း….။

In: ကဗျာ Posted By: Date: Mar 3, 2011
Comment #1

မိုးးးးးးးးးးးးးးး ရေ
နှလူံးသွေးနဲ့ရေးနေတာပဲဖြစ်ရမယ်…………
ကောင်းပါတယ်…………… သူတို့ကြောင့်ဒ်ု့ညီမတွေကုန်ကြမ်းရလာတာပေါ့……..

commentinfo By: May Kha at Mar 3, 2011
Comment #2

ထိုပုရိသ….
ယောင်္ကျားသည်ပဲ
ကျွန်မအသည်း..အစိမ်းလိုက်မျို
မျှော်လင့်ချက်တို့..ရိုက်ချိုး
သံယောဇဉ်နှင့် အချိန် အား မငဲ့
လှည့်မကြည့်စတမ်း…..ထွက်ခွာရက်
ကျွန်မ..မျက်ရည်
အဖော်မဲ့ခဲ့သည်။

commentinfo By: May Kha at Mar 3, 2011
Comment #3

ဖတ်သွားပါ၏

commentinfo By: ထူးဝေ at Mar 4, 2011
Comment #4

မမိုးတို့ကတော့ လုပ်ချလိုက်ပြန်ပြီး…ကောင်းတယ်
အားပေးသွားတယ်

commentinfo By: genius.jinx28 at Mar 4, 2011
Comment #5

အားပေးတဲ့မောင်နှမ များအားလုံးကျေးဇူးပါ…..
မေ ခ ရေ…မိုးအတွက်..သူကကုန်ကြမ်းမဟုတ်ခဲ့ပါဘူး….

commentinfo By: အသဲကွဲမိုး at Mar 4, 2011
Comment #6

ခံစားချက်တွေ အရမ်းပြင်းထန်တယ်ဗျာ
နဲနဲလောက်တော့ လျော့ပေါ့ပြီး လုပ်သင့်ပါတယ်
အမိရဲ့ ကျိန်စာက (မသက်ဆိုင်တဲ့)ဖတ်ကြည့်မိတဲ့(ကျွန်တော့်)ကို ကျောတွန့်စေပါတယ်
အဲဒီလောက်ကြီး ဆိုးမယ်လို့တော့ မထင်ပါဘူး
နောက်တာပါ…
ဘာပဲပြောပြော အသဲကွဲမိုးရဲ့ ကဗျာတွေကို ကြိုက်ပါတယ်

commentinfo By: မောင်အေးချမ်း at Mar 4, 2011
Comment #7

ဟုတ် ကျေးဇူးပါနော် မောင်ငြိမ်းချမ်း……….ကျေးဇူးပါ 😀

commentinfo By: အသဲကွဲမိုး at Mar 5, 2011
Comment #8

အင်းးးးးးးးးးးးးးးးးးးး
ကွန်မန့် တော့ ပေးမှကိုဖြစ်တော့ မယ်အသဲကွဲမိုးရေ
ကွဲရှနေတဲ့ အချစ်ရဲ့ 
အက်သံလိုက်တဲ့ ညဉ်းချင်းတစ်ပုဒ်ပါပဲ
ကြိုက်တယ်။။။။။။။။။အစပ်အဟတ်တည့် တဲ့ ဟင်းတစ်ခွတ်လို
ဖြစ်နေတော့ 
ဆားလဲမလိုဘူး
ပေါ်ဦးလဲမလိုဘူးပေါ့ ။။။။။။။။။။။။။။။။။။
ကောင်းတယ်
ကြိုးစားထားညီမရေ……………

မင်းလူန

commentinfo By: kathitni1980 at Mar 5, 2011
Comment #9

ဟုတ်..ကျေးဇူးတင်ပါတယ်..ကိုမင်းလူန

commentinfo By: အသဲကွဲမိုး at Mar 8, 2011
Comment #10

အသဲကွဲ…
အသဲခွဲမိုး..တို့
သင်တို့နှလုံးသားရပ်ဝန်းတ၀ိုက်
သည်းထန်စေသတည်း….။
သိပ်ပြီးတော့ ရွာစေချင်လည်း မြန်မြန်သာရွာဟေသတည်း..။

Comment #11

ထိုပုရိသ….
ယောင်္ကျားသည်ပဲ
ကျွန်မအသည်း..အစိမ်းလိုက်မျို
မျှော်လင့်ချက်တို့..ရိုက်ချိုး
သံယောဇဉ်နှင့် အချိန် အား မငဲ့
လှည့်မကြည့်စတမ်း…..ထွက်ခွာရက်
ကျွန်မ..မျက်ရည်
အဖော်မဲ့ခဲ့သည်။

ထိုပုရိသ………
နှင့်ကျွန်မ၏အချစ်အား
ပြဇာတ်တခုမျှ အမည်တပ်
ပွဲလန့်တုန်းဖျာခင်း
စည်းမဲ့ကမ်းမဲ့….ရင်ခုန်ခြင်းဖြင့်
နှလုံးသား ကိုယ်ချင်းစာတရား…ကင်းသော
သူမ အား…နာကျဉ်းသည်.././././././././

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment