Professional Authors

ကဗျာဆရာနဲ့ ရမ္မတ်များစီးမျောခြင်း(မင်းလူန)

ကဲ…..ကဗျာတစ်ပုဒ်လုံးကို
သန့် ရှင်းရေးလုပ်
စကားလုံးအပုပ်အပွတွေရွေးထုတ်
လိုက်ရအောင်
ဝေဒနာပြတင်းပေါက်
ပွင့် ကျခြင်းမှာကဗျာဆရာ
တစ်ယောက်ပြီးတစ်ယောက်ကတော့ 
စကားလုံးတွေသယ်ပိုး
ဆေးစက်အမျိုးမျိုးချပြလို့ 
ကမ္ဘာတစ်ခုဖန်တီးနေဆဲ………
ငြိမ်ချမ်းရေးနဲ့ စစ်
အတ္တနဲ့ ပရ
ချစ်ခြင်းနဲ့ အမုန်းတရာ
ခန္ဒာနဲ့ စေတသိတ်
နိမိတ်ပြစကားတွေနဲ့ ကဗျာတစ်ပုဒ်
ပြီးတော့ ကဗျာဆရာနဲ့ 
လက်ဖတ်ရည် ကြမ်းတစ်အိုး
ကျစိမ့် တစ်ခွတ်ရယ်
သိမှု့ ဗေဒဦးနှောက်တစ်လုံးရယ်
ပြီးတော့ 
မဟုတ်ဘူး…………
မဟုတ်ဘူးဆိုတာဟုတ်တယ်……..
ငါလိုချင်တာတွေများလာသလိုပါပဲလား

                                                 မင်းလူန

In: ကဗျာ Posted By: Date: Mar 10, 2011
Comment #1

ကဲ…..ကဗျာတစ်ပုဒ်လုံးကို
သန့် ရှင်းရေးလုပ်
စကားလုံးအပုပ်အပွတွေရွေးထုတ်
လိုက်ရအောင်
ဝေဒနာပြတင်းပေါက်
ပွင့် ကျခြင်းမှာကဗျာဆရာ
တစ်ယောက်ပြီးတစ်ယောက်ကတော့ 
စကားလုံးတွေသယ်ပိုး
ဆေးစက်အမျိုးမျိုးချပြလို့ 
ကမ္ဘာတစ်ခုဖန်တီးနေဆဲ………
……………….
ကိုမင်းလူန အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 10, 2011
Comment #2

Poemscorner မှာ ၀င်ရေးကြည့်မှ ကိုယ်လို သူလို တွေအများကြီးပဲ…..
အမျိုးမျိုး အဖုံဖုံ ပဲဗျာ…….မြင်တက်တယ်လို့ပြောရမှာပဲ

commentinfo By: nate thit at Mar 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment