အဝေးကချစ်သူ … ( လူဆိုး )
မြူနှင်းလေးတွေ တစ်ဖျောက်ဖျောက်ကျလို့
လူသားအားလုံးကိုပျော်ရွှင်စွာနဲ့ နှိုးထစေပြီး
အရမ်းကိုလှပနေတဲ့ မနက်ခင်းလေးရေ …
မင်းရဲ့ ဆန်းပြားလွန်းလှတဲ့ အလှကိုခံစားရင်း
နှစ်ယောက်အတူတူ ကော်ဖီတွဲသောက်ဖို့ရာ
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။
ကမ္ဘာမြေကြီးရဲ့အပေါ် အလင်းလက်ဆုံးဖြာကျလို့
လူသားအားလုံးကို သွားရေးလာရေးပြေလည်စေပြီး
အရမ်းကိုလှပနေတဲ့ နေ့လည်ခင်းလေးရေ …
မင်းရဲ့တောက်ပခြင်းဆိုတဲ့ နေရောင်ခြည်ကို ခံစားရင်း
နှစ်ယောက်အတူတူ အပန်းဖြေနားနေဖို့ရာ
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။
တိမ်ပြာတွေညို့မှိုင်းလို့ ဆည်းဆာညနေခင်းလေးမှာ
ရင်ခုန်စရာ အချစ်သီချင်းတွေသီကြူးလို့
တစ်ယောက်ရဲ့လက်ကိုတစ်ယောက်ဆွဲပြီး
ချစ်သူရဲ့ ပခုံးလေးပေါ်ခေါင်းလေးမှီရင်း
တူယှဉ်ကာ တွဲလျှောက်ဖို့ရာ
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။
Comment #2
အော်……..ဝေးပီင်္းရင်နီးရမယ်လေ……… အားတင်းထား …
ငဘုံတလှည့်..ငပျံတလှည့်တဲံ ဘ၀ဆိုတာ…..
Comment #4
ကိုယ်ချင်းစာပါတယ်……….
Comment #6
hint,,,hint,,,
ti yin le p yaw.
myan myan ni aung hma ma loak tar g ko.
Comment #8
အားပေးသွားပါတယ်
ချစ်သောသူများ အမြန်ဆုံး ပျော်ရွှင်နိုင်ကြပါစေ။
Comment #9
lots of best wishes.
Comment #10
ကြိက်တယ်
Comment #17
မြူနှင်းလေးတွေ တစ်ဖျောက်ဖျောက်ကျလို့
လူသားအားလုံးကိုပျော်ရွှင်စွာနဲ့ နှိုးထစေပြီး
အရမ်းကိုလှပနေတဲ့ မနက်ခင်းလေးရေ …
မင်းရဲ့ ဆန်းပြားလွန်းလှတဲ့ အလှကိုခံစားရင်း
နှစ်ယောက်အတူတူ ကော်ဖီတွဲသောက်ဖို့ရာ
ငါ့ရဲ့ချစ်သူက .. ငါနဲ့အဝေးကြီးဟာ ။
Comment #19
မဝေးတော့ပါဘူးနော် .. နှစ်လပဲကျန်တော့တာပါကိုရယ် ..
အားတင်းထားနော် …
Comment #20
cmt တွေ များလိုက်တာ ဘာများထပ်ပေးရမှန်းတောင် မသိတော့ပါဘူးဗျာ..great great..!!
Comment #22
ဟယ်လူဆိုး ..နင်ကတစ်နေကုန်လုံးကိုဝေးနေတာပဲ ..။
Comment #24
@_@
@_@
Comment #25
have no idea how to cancel noti mails from this site. :S
Comment #1
အော်……..ဝေးပီင်္းရင်နီးရမယ်လေ……… အားတင်းထား …